၅.၅.၂၀၂၄
Written by TZ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကမ်းနားလမ်း၊ အုန်းပင်ဆိပ်တွင် ကိုရင်တစ်ပါးရေနစ်၍ ပျံလွန်တော်မူသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ မေလ ၄ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ရေနစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ထံသို့ ဖုန်းဆက်အကြောင်းကြားသောကြောင့် Monywa Rescue ရေငုပ်အဖွဲ့မှ သွားရောက်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဥ်နေရာတွင် ရေနစ်ပျံလွန်တော်မူသည့် ကိုရင်၏ ဖခင်မှ ရုပ်အလောင်းကို ဆယ်ယူထားကြောင်း သိရသည်။

“အလောင်းကို အဖေဖြစ်သူက ဆယ်ထားတော့ အရုပ်သယ်ပြီး ဆေးရုံပို့လိုက်တာ။ အဖေဖြစ်သူက စက်လှေမောင်းတယ်။ ဘယ်လိုဖြစ်ပြီး ရေနစ်လဲဆိုတာကိုတော့မသိဘူး”လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ထိုပျံလွန်တော်မူသည့် ကိုရင်မှာ အသက် (၁၂) နှစ်ရှိပြီး ရုပ်အလောင်းကို မုံရွာဆေးရုံကြီး OPD မှတစ်ဆင့် ရင်ခွဲရုံသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ -မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့)

Leave a Reply

Your email address will not be published. Required fields are marked *