၅.၅.၂၀၂၄
Written by TZ

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့၊ ရေကျော်အုပ်စု၊ ဗောဓိကုန်းကျေးရွာတွင်နေထိုင်သည့် ကလေးငယ်နှစ်ဦးမှာ ၎င်းတို့၏နေအိမ်နောက်ဘေး၌ ကစားနေစဥ် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တွင်းသို့ ပြေးလာစဥ် နေအိမ်ခြံဝင်းထဲ၌ စိုက်ထားသည့် လဲပင်မှ ၎င်းတို့ပေါ်လဲကျရာ ကလေးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မေလ ၄ ရက် ၆ နာရီကျော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူနှင့် ဒဏ်ရာရသူနှစ်ဦးမှာ ဗောဓိကုန်းကျေးရွာနေ ဦးချစ်ကို၊ ဒေါ်မီမီလှိုင်တို့၏ သမီးငယ်နှစ်ယောက်ဖြစ်သော မနှင်းဝေခိုင် (၁၂ နှစ် – Grade -6) နှင့် မအေမီမီကို (၁ နှစ် ၆ လ) တို့ဖြစ်ကာ ၎င်းတို့၏ ခြံထဲ၌ စိုက်ပျိုးထားသည့် လုံးပတ် ( ၄) ပေခွဲ၊ အရှည် ( ၄၅) ပေခန့်ရှိသည့် လဲပင်မှာ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦးပေါ် လဲပြိုကျပိမိခဲ့၍ မအေမီမီကိုမှာ ဦးခေါင်းခွံကွဲဒဏ်ရာဖြင့် နေရာတွင်ပွဲချင်းပြီးသေဆုံးပြီး မနှင်းဝေခိုင်မှာ ဝဲဘက်လက်မောင်းကျိုးဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ညီမနှစ်ယောက်ကစားနေတာ။ လေတိုက်တော့ ကြောက်ပြီးအိမ်ထဲပြေးလာတာ။ အဲ့ဒီမှာ သစ်ပင်ကလဲကျချိန် သူတို့ကလည်း အဲ့ဒီအောက်ရောက်တော့ ၁ နှစ်ကျော်ကလေးက ခေါင်းကွဲပြီးသေတယ်။ အကြီးမကတော့ အသက်(၁၂)နှစ်ရှိပြီ။ သူက ဘယ်ဘက်လက်ကျိုးသွားတယ်”၏ ထိုကလေးငယ်များ၏ သွေးသား တော်စပ်သူတစ်ဦးက MT News သို့ ဖြေကြားသည်။

လက်ရှိအချိန်တွင် အသက် (၁၂) နှစ်အရွယ် မနှင်းဝေခိုင်မှာ ဆေးရုံ၌ ဆေးကုသနေကြောင်း သိရသည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *