၂၇.၄.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၉/က)ရပ်ကွက်၊ မောင်းမကန်ကမ်းသာယာလမ်းရှိ စားသောက် ဆိုင်ခန်းတွင် ယနေ့(ဧပြီလ ၂၇ရက်) နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ဂတ်စ်အိုးအဖွင့်အပိတ်ဘားမှ ဂတ်စ်ယိုစိမ့်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး မီးဟပ်ဒဏ်ရာများရရှိခဲ့သည်။

မီးလောင်မှုမှာ အလျား ၁၅ ပေ၊ အနံ ပေ ၂၀ ရှိ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း ၁ ထပ် စားသောက်ဆိုင်ခန်းမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဂတ်စ်အိုးအဖွင့်အပိတ်ဘားမှ ဂတ်စ်ယိုစိမ့်ရာမှ အနီးရှိ အိမ်နံရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ အိမ်နံရံ၊ ရေခဲသေတ္တာ ၂ လုံး၊ ဘေးအကာများကို မီးလောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

မီးလောင်မှုကြောင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးမှာ လက်နှစ်ဖက်နှင့် မျက်နှာတို့တွင် မီးဟပ်ခံရသော ဒဏ်ရာများ ရရှိခဲ့သည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၁ စီး၊သန္ဓေအရံမီးသတ်တပ်ဖွဲ့ဝင် ၂၀ ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *