၁၃ . ၄. ၂၀၂၄
Photo by Ye Kyaw

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် သင်္ကြန်အကြိုနေ့ ရန်ကုန်တိုင်းဒေသကြီး မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ပြီး လမ်းလျှောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်များဖြင့် စည်ကားလျက်ရှိသည်။

ပြည်သူ့ရင်ပြင်တွင် လမ်းလျှောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်များအပြင် ရေမြှုပ်သင်္ကြန်နှင့် ဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းထားခြင်း၊ စတုဒိသာအစီအစဉ်များပါ ပါရှိသဖြင့် စတင်ဖွင့်လှစ်သည် သင်္ကြန် အကြိုနေ့၌ပင် စည်ကားလျက်ရှိသည်။

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် သင်္ကြန်ကာလအတွင်း မနက် ၆ နာရီမှ ည‌နေ ၆ နာရီအထိ လမ်းလျှောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *