April 29, 2024

၁၃. ၄. ၂၀၂၄
Written by Pan Ei

မြန်မာနိုင်ငံအတွင်း လုံခြုံရေးအခြေအနေတွေနဲ့ စပ်လျဉ်းပြီး အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန(MEA) က သူ့နိုင်ငံသားတွေကို မြန်မာနိုင်ငံအတွင်း ခရီးသွားလာမှုနဲ့ ပတ်သက်ပြီး သတိထားကြဖို့ လိုအပ်ကြောင်း အလေးပေး ပြောကြားထားတယ်လို့ အိန္ဒိယအခြေစိုက် သတင်းဌာနတွေမှာ မနေ့က ဖော်ပြထားပါတယ်။

MEA ရဲ့ပြောရေးဆိုခွင့်ရှိသူ ရန်ဒ်ဟာလ် ဂျိုင်ဆွယ်က “မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေဟာ မရေရာမသေချာနေဘဲ ဆိုးရွားနေဆဲပါ။ အထူးသဖြင့် ရခိုင်ပြည်နယ်နဲ့ တခြားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြောင်း ကြားသိရပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံသားတွေကို သတိထားကြဖို့နဲ့ ဘေးကင်းရေး စီမံချက်တွေကို လိုက်နာကြဖို့ အရင်ကလည်း အကြံပေးချက် ထုတ်ပြန်ခဲ့ဖူးတယ်လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဂျိုင်ဆွယ်ဟာ မြန်မာနိုင်ငံက အိန္ဒိယလူမျိုးတွေရဲ့ ဘေးကင်းရေးအတွက် လိုအပ်တဲ့ အစီအမံတွေကိုဆောင်ရွက်ဖို့ အရေးကြီးကြောင်းနဲ့ သံရုံးကလည်း လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေပေးဖို့ အာမခံချက်ပေးကာ အခြေအနေကို တက်ကြွစွာ စောင့်ကြည့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လုံခြုံရေးစိုးရိမ်မှုတွေ ပြင်းထန်လာတဲ့အတွက် MEA က ဗျူဟာမြောက် ဆုံးဖြတ်ချက်တစ်ရပ်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး “ကျွန်ုပ်တို့ရဲ့ ဝန်ထမ်းတွေကို စစ်တွေကောင်စစ်ဝန်ရုံးကနေ ရန်ကုန်ကို ပြောင်းရွှေ့ပေးထားပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။ ခုလိုလုပ်ဆောင်ချက်ဟာ တိုးတက်ပြောင်းလဲနေတဲ့ လုံခြုံရေးအခင်းအကျင်းကြားမှာ အိန္ဒိယက သံတမန်ရေးရာဝန်ထမ်းတွေရဲ့ ဘေးကင်းရေးနဲ့ ကျန်းမာရေးကို အာမခံဖို့ အစိုးရရဲ့ကတိကဝတ်ကို အလေးပေးဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ MEA က ပြောရေးဆိုခွင့်ရှိသူက “အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေး အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်” လို့ ထပ်မံ ပြောကြားခဲ့ပြီး စိန်ခေါ်မှုတွေနဲ့ မသေချာမရေရာမှုတွေကြားမှာ ဒေသတွင်းက သူတို့ရဲ့အကျိုးစီးပွားတွေနဲ့ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ အိန္ဒိယရဲ့တက်ကြွတဲ့ချဉ်းကပ်မှုမှာ ဆက်လက်ရှိနေတယ်ဆိုတာကို ပြသနေပါတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref; India Today NE

Leave a Reply

Your email address will not be published. Required fields are marked *

Related News