၁၃.၄.၂၀၂၄
Written by KL

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ မင်းဘူး- ရွှေစက်တော်ကားလမ်း လေးပင်ရွာအနီးတွင် ဧပြီလ ၁၂ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်က ရွေစက်တော်မှ ဘုရားဖူးပြန်လာသော ကားတစ်စီး တိမ်းမှောက်၍ အမျိုးသမီးငယ် ၁ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်။

​ဖြစ်စဥ်မှာ မင်းဘူးမြို့နယ်မှ လာရောက်သော ခရီးသည် ၉ ဦးနှင့် ယာဥ်မောင်း ၁ ဦးလိုက်ပါလာသော Nissan Extracap ကားတစ်စီးမှာ ရွှေစက်တော်ဘုရားဖူးအပြန်တွင် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သွား​ရောက်ကူညီခဲ့သည့် မြေပြင်လူမှုကူညီရေးအသင်းထံမှ သိရသည်။

“သေဆုံးတဲ့သူက အသက် ၁၄ နှစ် မိန်းကလေးပါ။ ကလေး ၃ ဦးအပါအဝင် ၉ ဦး ဒဏ်ရာရတာပါ။ လူကြီးက အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦးက အနီရောင်အဆင့်ပါ။ ကျန်တဲ့သူတွေက ပွန်းပဲ့ဖူးယောင်ဒဏ်ရာတွေရခဲ့တာပါ”ဟု မြေပြင်လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦး​က ပြောသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူနှင့်ဒဏ်ရာရရှိသူများကို ဗြဟ္မစိုရ် နာရေးကူညီမှုအသင်း(မင်းဘူး)၊ ဇီးအိုင်ရွာ လူမှုကူညီရေးအသင်းနှင့် မြေပြင် လူမှုကူညီရေးအသင်းတို့က မင်းဘူးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *