၁၃. ၄. ၂၀၂၄
Written by Thettant

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပမဲ့ ၁၃၈၆ ခုနှစ် မြန်မာနှစ်သစ်ကူး အထူးဓမ္မသဘင်ကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်မှာ ကျင်းပမှာဖြစ်ပြီး ရဟန်းရှင်လူပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

မြန်မာနှစ်သစ်ကူး အထူးဓမ္မသဘင် ပထမနေ့ကို ဧပြီ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတော်ဩဝါဒစရိယ၊ ရွှေကျင်နိကာယ သာသနာပိုင် အဘိဓဇ မဟာရဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက တရားရေအေးတိုက်ကျွေးမှာဖြစ်ပြီး နှစ်ဆန်းနှစ်ရက်နေ့ (၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့) မှာ မဇ္ဈိမဂုဏ်ရည် မဟာစည် သာသနာ့ရိပ်သာကြီးများ၏ ဦးစီးပဓာန နာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကောဝိဒနဲ့နှစ်ဆန်းသုံးရက်နေ့(၂၀၂၄ ခုနှစ်၊ဧပြီလ ၁၉ ရက်နေ့)မှာ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာအဖွဲ့ခွဲ (၇၇) ပဓာန နာယက ပြည်တွင်းပြည်ပ ကမ္ဘာဗုဒ္ဓသာသနာပြု အောင်ဆန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရတို့က နေ့စဉ် ည (၇) နာရီအချိန်မှာ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို တရားရေအေး အမြိုက်ဆေး တိုက်ကျွေးဟောကြားသွားမှာ ဖြစ်ပါတယ်။

​မြန်မာနှစ်သစ်ကူးအထူးဓမ္မသဘင်ကို ရဟန်းရှင်လူ ပြည်သူတွေအနေနဲ့ တရားနာကြွရောက်နိုင်သလို ဓမ္မပူဇာဒါနကုသိုလ် ပြုလိုသူများအနေနဲ့လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွင့်လှစ်ထားတဲ့ KBZ Pay QR Code Scan ဖတ်ပြီး “Myanmar Nit Thit Kuu Ah Hlu Khan” ဆီ လှူဒါန်းနိုင်မယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *