သတိုး
၆. ၁၁. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးတင်ဦးလွင်၊ ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်ရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လှိုဏ်ဂူသိမ်တော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရေး ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးသည်။
◾ ဆဋ္ဌသင်္ဂါယနာတင် မဟာ ပါသာဏ လှိုဏ်ဂူသိမ်တော်ကြီး
ဦးစွာနိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လှိုဏ်ဂူသိမ်တော်ကြီးအတွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် နိုင်ငံတော်သမ္မတက လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ထို့နောက် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် ဗုဒ္ဓပြတိုက် အတွင်းရှိ ဗုဒ္ဓဖြစ်တော်စဉ် ပြခန်းများ၊ ပထမသင်္ဂါယနာတင်၊ ဒုတိယသင်္ဂါယနာတင်နှင့် တတိယသင်္ဂါယနာတင် ပြခန်း၊ ပေထက်အက္ခရာ တင်ခဲ့သည့် စတုတ္ထ သင်္ဂါယနာတင်ပြခန်းနှင့် မင်းတုန်းမင်းကြီး လက်ထက် ကျောက်ထက်အက္ခရာတင်ခဲ့သည့် ပဉ္စမသင်္ဂါယနာတင်ပြခန်း၊ ဆဋ္ဌသင်္ဂါယနာတင်ရန် မဟာပါသဏလှိုက်ဂူတော်နှင့် ဖွားဖက်တော်အဆောက်အဦ ၉ ခု တည်ဆောက်ခဲ့မှု မှတ်တမ်းနှင့် ဆဋ္ဌသင်္ဂါ ယနာတင်အခမ်းအနား ကျင်းပခဲ့မှုမှတ်တမ်းဓာတ်ပုံများပြခန်း၊ ထေရဝါဒ ၅ နိုင်ငံမှ သံဃရာဇာ ၆ ပါးနှင့် ဆဋ္ဌဝန်ဆောင်ဆရာတော်ကြီး ၂၄ ပါး၊ ညောင်ရမ်းဆရာတော်၊ မစိုးရိမ်ဆရာတော်၊ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်တို့၏ ရုပ်တုများ၊ ဒါယကာ ဦးနု၏ကိုယ်တစ်ပိုင်းရုပ်တု၊ ဆာဦးသွင်၏ ကိုယ်တစ်ပိုင်းရုပ်တုပြခန်းများ၊ ဆဋ္ဌသင်္ဂါယနာတင်ပွဲတွင် တပ်ဆင်အသုံးပြုခဲ့သည့် တံဆိပ်များနှင့် အသုံးအဆောင် ပစ္စည်းများပြခန်းများ၊ ပြည်ပနိုင်ငံများမှ လှူဒါန်းထား သောပစ္စည်းများပြခန်း၊ ရှေးခေတ်ပုံနှိပ်စက်များ၊ ခဲစာလုံးများ၊ ပိဋကတ်တော်ဆိုင်ရာ ပုံနှိပ်စာအုပ်မူများပြခန်း၊ ဆဋ္ဌသင်္ဂါယနာတင် ပိဋကသုံးပုံ အဋ္ဌကထာစာအုပ်များကို ကွန်ပျူတာစာမူဖြင့် ပုံနှိပ်ထုတ်ဝေခြင်းနှင့် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုမှုမှတ်တမ်း ပြခန်းများ၊ သာသနာတော် ဆက်လက်အဓွန့်ရှည်တည်တံ့ခြင်း အထိမ်းအမှတ်ကို ရည်ရွယ်၍ မြန်မာနိုင်ငံအနှံ့တွင် တည်ထားကိုးကွယ်ပူဇော်ထားရှိသော ဘုရား၊ စေတီ ပုထိုးများနှင့်သာသနိက အဆောက်အဦများပြခန်းများအား လိုက်လံကြည့်ရှုရာ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။






ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ယခုပြတိုက်သို့လာရောက် လေ့လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူများ ဗုဒ္ဓဖြစ်တော် စဉ်များနှင့် ဆဋ္ဌသင်္ဂါယနာတင်အခမ်းအနား ကျင်းပခဲ့မှုများကို ရှင်းလင်းစွာဖြင့် သိရှိ လေ့လာနိုင်စေရေး တာဝန်ရှိသူများက စနစ်တကျဖြင့် ရှင်းလင်းပြောကြားပေးရန်လို ကြောင်း၊ ပြတိုက်အတွင်းခင်းကျင်းပြသထားသည့် ရှေးဟောင်းသမိုင်းဝင်မှတ်တမ်း ဓာတ်ပုံများအား ကြည်လင်ပြတ်သားစွာဖြင့် ပြသနိုင်ရေး ခေတ်မီနည်းပညာများ အသုံး ပြု၍ ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းပြသနိုင်ရေး ပညာရှင်များဖြင့် ဆောင်ရွက် သွားရန်လိုကြောင်း၊ သမိုင်းဝင် ဆဋ္ဌသင်္ဂါယနာတင်အခမ်းအနားကျင်းပခဲ့သည့် မဟာ ပါသာဏလှိုဏ်ဂူသိမ်တော်ကြီး တည်ဆောက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများကို ပြည့်စုံစွာ ဖြင့် ထားရှိနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းဝင် အမွေအနှစ် အဆောက်အဦများကို မိမိတို့ ဘိုးဘေးများက တည်ဆောက်ခဲ့သကဲ့သို့ အဆိုပါ သမိုင်းအဝင်အမွေအနှစ်များ ဆက်လက်တည်တံ့ခိုင်မြဲစေရေး မိမိတို့ပစ္စုပ္ပန်တွင် နေထိုင်ကြသူများတွင် တာဝန်ရှိကြောင်း၊ ပြခန်းအတွင်းပြသထားသည့် သမိုင်းဝင် ရှေးဟောင်းပစ္စည်းများ၊ ပိဋကတ်စာအုပ်များ ပျက်စီးယိုယွင်းမှုမှုမရှိစေအတွက်လည်း ထိန်းသိမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ မိမိတို့နိုင်ငံရှိ ရှေးဟောင်းသမိုင်းဝင်နှင့် အထင်ကရ ဘုရား၊ စေတီများနှင့် ပုထိုးတော်ကြီးများ၏ မှတ်တမ်းဓာတ်ပုံများကိုလည်း ပြသနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
◾ အာဂန္တုကျောင်းဆောင်များ ပြုပြင်မွမ်းမံထိန်းသိမ်းထားရှိမှု
ထို့နောက် မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ သာသနာရေးဆိုင်ရာအခမ်းအနားများ ဆောင်ရွက်ရာတွင် ကြွရောက်ချီးမြှင့်တော်မူကြသည့် ပြည်တွင်း၊ ပြည်ပ ဆရာတော်၊ သံဃာတော်ကြီးများ သီတင်းသုံးတည်းခိုနိုင်ရေးအတွက် မဟာပါသာဏလိုဏ်ဂူတော်ကြီးနှင့်အတူ တည်ဆောက်ခဲ့ကြသည့် ဖွားဖက်တော်အဆောက်အဦ ၉ ခုမှ အာဂန္တုကျောင်းဆောင် ၄ ဆောင်အနက် အပရဂေါယာန အာဂန္တုကျောင်းဆောင်သို့ ရောက်ရှိကြပြီး ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သာသနာရေးဆိုင်ရာအခမ်းအနားများသို့ ကြွရောက်ချီးမြှင့်တော်မူကြမည့် ပြည်တွင်းပြည်ပမှ ဆရာတော်၊ သံဃာ တော်များ စိတ်နှလုံးချမ်းမြေ့စွာဖြင့် တည်းခိုနေထိုင်နိုင်ရေး အာဂန္တုကျောင်းဆောင်များ ကို လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်လိုကြောင်း နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
◾ ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတော်
ဆက်လက်၍ ဖွားဖက်တော်အဆောက်အဦ ၉ ခုတွင် ပါ ဝင်သည့် ဗုဒ္ဓသာသနာ့ သံဃာ့ဆေးရုံတော်သို့ ရောက်ရှိကြပြီး ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူ တော်ကြီး၌ ကျင်းပပြုလုပ်သည့် သာသနာရေးဆိုင်ရာအခမ်းအနားများသို့ ကြွရောက် ချီးမြှင့်တော်မူကြသည့် ပြည်တွင်း၊ ပြည်ပမှ ဆရာတော်၊ သံဃာတော်များအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
◾ မဟာသိမ်တော်ကြီး
ထို့နောက် ကျောင်းဆောင်များ ပြုပြင်ထိန်းသိမ်းထားရှိမှု များအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဖွားဖက်တော် အဆောက်အဦတစ်ခု ဖြစ်သည့် မဟာသိမ်တော်ကြီးသို့ရောက်ရှိကာ သိမ်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်း ဆက်ကပ် ပူဇော်သည်။ ယင်းနောက် မဟာသိမ်တော်ကြီး ရေရှည်တည်တံ့ရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို လမ်းညွှန်မှာကြားသည်။
◾ ပိဋကတ်တိုက်တော်ကြီး
ဆက်လက်၍ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ ပိဋကတ်တိုက်တော်ကြီးသို့ ရောက်ရှိပြီး ပိဋကတ်တိုက်တော်ကြီး ပင်မအဆောက်အဦတော်အတွင်း ပိဋကတ် တော်များ ထိန်းသိမ်းထားရှိမှု၊ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာ ဘာသာစာပေများ၊ အသုံးအဆောင်ပစ္စည်းများ ထိန်းသိမ်းထားရှိမှု၊ ကမ္ဘောဒီးယား ခန်းမနှင့် သီရိလင်္ကာခန်းမတို့အတွင်း ပိဋကတ်တော်များ၊ ဗုဒ္ဓဘာသာ သာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာများ ထိန်းသိမ်းထားရှိမှု၊ ဗုဒ္ဓယဉ်ကျေးမှုပြတိုက် အဆောက်အဦတော်အတွင်း ဗုဒ္ဓဘာသာသာသနာတော်ထွန်းကား ပြန့်ပွားရေး ဆိုင်ရာများ၊ ရှေးဟောင်းယဉ်ကျေးမှုအနုပညာလက်ရာများ၊သမိုင်းဝင် အသုံး အဆောင် ပစ္စည်းများ ထိန်းသိမ်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန် ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ရှေးဟောင်းပစ္စည်းများနှင့် သမိုင်းဝင်မှတ်တမ်းများ၊ အထောက်အထားများသည် ငွေကြေးနှင့် တန်ဖိုးမဖြတ်နိုင် သော နိုင်ငံတော်နှင့်လူမျိုးတို့၏ အဖိုးတန်အမွေအနှစ်များဖြစ်သည့်အတွက် ရေရှည် တည်တံ့စေရန်နှင့် ပျက်စီးယိုယွင်းမှု မရှိစေရန် အထူးဂရုပြု စောင့်ရှောက်ထိန်းသိမ်းသွားရန်လိုကြောင်း၊ ပုံစံငယ်ပြုလုပ်ပြသထားရှိမှုများအား ခေတ်စနစ်နှင့်လျော်ညီစွာ ပြန်လည်ပြုပြင်မွမ်းမံသွားရန်လိုကြောင်း၊ ဗုဒ္ဓဘာသာ သာသနာတော်ထွန်းကား ပြန့် ပွားရေး ဆိုင်ရာများ၊ ရှေးဟောင်းယဉ်ကျေးမှုအနုပညာလက်ရာများ၊ ပေပရပိုက်များ၊ သမိုင်းဝင် အသုံးအဆောင်ပစ္စည်းများ ထိန်းသိမ်းထားရှိမှုတွင် ဖော်ပြချက်စာသား များအား မြန်မာစာပေ ရေးထုံးသတ်ပုံမှန်ကန်စွာဖြင့် ရှင်းလင်းရေးသားဖော်ပြရန်နှင့် ရှေးဟောင်းပစ္စည်းများ၊ စေတီပုထိုးများ၊ ဘုရားများတွင်လည်း လာရောက်ကြည့်ရှု လေ့လာသူများ လွယ်ကူရှင်းလင်းစွာသိရှိ နိုင်ရေး အကြောင်းအရာများ၊ မုဒြာပုံစံများ၊ ခုနှစ်၊ သက္ကရာဇ်များ၊ သက်တမ်းများကို ဖော်ပြထားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
◾ ပိဋကတ် ပုံနှိပ်တိုက်
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မဟာပါသာဏ ကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူတော်ကြီး၏ ဖွားဖက်တော် အဆောက်အဦတစ်ခုဖြစ်သော ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ်တော်စာအုပ်များကို ပုံနှိပ်ထုတ်ဝေခဲ့သည့် သာသနာရေး ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန ပုံနှိပ်ထုတ်ဝေရေးဌာနခွဲ ပုံနှိပ်တိုက်သို့ ရောက်ရှိပြီး ပုံနှိပ်တိုက်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုလှည့် လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ်တော်စာအုပ် များကို ပုံနှိပ်ရာတွင် အသုံးပြုခဲ့သည့် ခဲစာလုံးပုံနှိပ်စက်နှင့် ပုံနှိပ်တိုက် ပြုပြင် ထိန်းသိမ်းမှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
