





၆.၁၁.၂၀၂၆
Written by Linn Eain
၂၀၂၆ ခုနှစ် ဒီပါဝလီနေ့အထိမ်းအမှတ် အခမ်းအနား ကို ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် နိုဝင်ဘာ ၆ ရက်၊ ညနေ ၅ နာရီတွင်
ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဂုဏ်ပြု တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဒီပါဝလီနေ့အခမ်းအနားသို့ ကြွရောက်လာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ကို ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ အခမ်းအနားကျင်းပရေးဦးစီးကော်မ တီဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့်ဟိန္ဒူမျိုးနွယ်စု (၁ဝ)စုမှ ကိုယ်စားလှယ်များက ထီး ၂ လက်ဖြင့်ကြိုဆိုကြကာ ကလေးငယ်များက ပန်းစည်းများပေးအပ်ကြသည်။
ထို့နောက် ဧည့်သည်တော်များနှင့် အခမ်းအနားကျင်းပရေးဦးစီး ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ဟိန္ဒူမျိုးနွယ်စု(၁ဝ)စု ကိုယ်စား လှယ်များက အခမ်းအနားမုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးသည် ဟိန္ဒူရိုးရာအာတီယူပြီးနောက် နိုင်ငံတော်သမ္မတက ဒီပါဝလီအခမ်းအနားကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခြင်း၊ ဟိန္ဒူအသင်းအဖွဲ့များ၏ ပြခန်းများ၊ မျိုးနွယ်စုပြခန်းများကို လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဇနီးသည် စင်မြင့်ထက်တွင် ဆီမီးထွန်းညှိကာ မင်္ဂလာဂုဏ်ပြုပုဝါနှင့် မင်္ဂလာဂုဏ်ပြုပန်းကုံးလက်ခံပြီးနောက် အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးမှ အမှတ်တရစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီပွဲတော်ကျင်းပရေး ဦးစီး ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်မှ ဆုတောင်းမေတ္တာပို့ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ အိန္ဒိယဖျော်ဖြေရေးအကအဖွဲ့များက အခမ်းအနားသို့ တက်ရောက်လာသူများကို အိန္ဒိယရိုးရာ အက၊အလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
