April 27, 2024

၂၂.၃.၂၀၂၄
Written By Thandar

စီနီယာအလှမယ် သရုပ်ဆောင် ဟန်လေးနဲ့အတူ အလှမယ် ၁၇ ဦး ပါဝင်ယှဉ်ပြိုင်မယ့် Miss Universe Yangon 2024 ပြိုင်ပွဲကြီး မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ မတ် ၂၂ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ Wyndham Grand ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်တို့ Universe မှာ အသက်အရွယ် ကန့်သတ်ထားခြင်းမရှိဘူး။ Transgender လည်း ပြိုင်လို့ရတယ်။ အိမ်ထောင်ရှင်လည်း ပြိုင်လို့ရတယ်။ အဓိက ကတော့ သူတို့မှာ ပန်းတိုင်ရှိပြီး ပြိုင်ပွဲအပေါ်မှာ စိတ်ပါဝင်စားတဲ့သူတွေ အကုန်လုံးကို ကြိုဆိုတယ်။ Miss Universe ဘက်က သတ်မှတ်ထားတာက အမျိုးသမီးအဖြစ် ခွဲစိတ်ပြုပြင်ပြီးတဲ့သူကို Transgender အဖြစ် သတ်မှတ်ထားတာပါ။ အမျိုးသမီးတစ်ယောက်ဖြစ်မှ လက်ခံတာပါ။ မြန်မာပြည်မှာ မသိကြတာတစ်ခုက အဲ့ဒါပေါ့။ ကျွန်တော်တို့ အနေနဲ့ကတော့ ခွဲစိတ်ပြုပြင်ပြီးမှာ လက်ခံပါတယ်။ ဒီနှစ် Miss Universe Yangon မှာတော့ Transgender တစ်ယောက်မှ မပါဝင်ပါဘူး”လို့ Miss Universe Yangon Organization က City Director ကိုကောင်းမြတ်က ပြောပါတယ်။

Miss Universe Yangon ပြိုင်ပွဲကြီးက Miss Universe Yangon (East) ၊ Miss Universe Yangon (West)၊ Miss Universe Yangon (South)၊ Miss Universe Yangon (North) ကိုယ်စားပြုအလှမယ်လေးဦးကို ရွေးချယ်ပြီး အဆိုပါ အလှမယ်တွေက ၁၁ ကြိမ်မြောက်ကျင်းပမယ့် Miss Universe Myanmar ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

“ဒီနှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာက ကိုယ့်ထပ်ပြီးစိန်ခေါ်ကြည့်ချင်လို့ပါ။ ဟန်လေးက အခုဆို အရင်ကနဲ့မတူဘဲ အကုန်ပြောင်းလဲလာပြီ။ ကိုယ့်ကိုယ်ကိုယ်လည်း လုပ်နိုင်မယ်ဆိုတာကို ယုံကြည်တယ်”လို့ အလှမယ် ဟန်လေးက ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးရှိ အမျိုးသမီးတွေ ၊ ခွဲစိတ်ပြီးစီးတဲ့ Transgender တွေနဲ့ အိမ်ထောင်ရှိအမျိုးသမီးတွေပါ အသက်ကန့်သတ်ချက်မရှိ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိတဲ့ Miss Universe Yangon ပြိုင်ပွဲကြီးကို လာမယ့် ဧပြီ ၃ ရက်မှာ Wyndham Grand Hotel မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပမှာဖြစ်ပြီး Finalist အလှမယ် ၁၇ ဦးက ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News