၂၂.၃.၂၀၂၄
Written by Thin Zar

ပဲခူးတိုင်းဒေသကြီး၊ နတ္တလင်းခရိုင်၊ သဲကုန်းမြို့၊ ရွာထောင်ကုန်းကျေးရွာနှင့် သာပေါင်းကျေးရွားကြားတွင် မော်တော် ဆိုင်ကယ်ဖြင့်ပြန်လာသည့် အုပ်ချုပ်ရေးမှူးနှင့် စာရေးဖြစ်သူတို့ သေနတ်ပစ်ခံရ၍ တစ်ဦးသေပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၂၁ ရက် မွန်းလွဲ ၁၂ နာရီကျော်တွင် သဲကုန်းမြို့မှ သာပေါင်းကျေးရွာသို့ မော်တော်ဆိုင်ကယ်ဖြင့် ပြန်လာသည့် အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့ ပြန်လာစဥ် PDF များကမော်တော်ဆိုင်ကယ်နောက်မှ မောင်းနှင်လိုက်ပါလာပြီး အဆိုပါဖြစ်စဥ်နေရာတွင် သေနတ်ပစ်ခံရကြောင်း သိရသည်။

သေနတ်ပစ်ခံရမူကြောင့် မော်တော်ဆိုင်ကယ် အနောက်တွင် ထိုင်ပြီးလိုက်ပါလာသည့် အသက် (၆၇) နှစ်အရွယ် ဦးမြင့်ဆွေမှာ ကျည်ထိမှန်၍ သေဆုံးပြီး မော်တော်ဆိုင်ကယ်အားမောင်းနှင်သည့် စာရေးဖြစ်သူ အသက် ( ၄၆) နှစ်အရွယ် ဦးဖြိုးဝေမြင့်မှာ ဒဏ်ရာရရှိ၍ ဆေးကုသမူခံယူနေရကြောင်း သိရသည်။ (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *