၂၂.၃.၂၀၂၄
Translated by Htwe Ko Tun

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗန်ဒါလီယန်က ရုရှားနိုင်ငံအနေနဲ့ ဥရောပသမဂ္ဂနိုင်ငံတွေကို တင်ပို့နေတဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေက ရရှိတဲ့ဝင်ငွေတွေကို စစ်ပွဲအတွက် အသုံးပြုနေခြင်း ရပ်တန့်ဖို့ ဆောင်ရွက်သွားမယ်လို့ မတ်လ ၂၁ ရက်က ပြောခဲ့ပါတယ်။

ဥရောပကော်မရှင်အနေနဲ့ ရုရှားနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံတို့ထံမှ ဥရောပသမဂ္ဂနိုင်ငံတွေက တင်သွင်းတဲ့ သီးနှံတွေအပေါ် ကုန်သွယ်မှုအတားအဆီးတွေပြုလုပ်သွားဖို့ ပြင်ဆင်နေတယ်လို့လည်း အာဆူလာက ပြောခဲ့ပါတယ်။

အာဆူလာက ရုရှားနဲ့ ဘီလာရုစ်တို့ကတင်သွင်းနေတဲ့ နှံစားသီးနှံတွေ၊ ဆီထွက်မျိုးစေ့တွေနဲ့ ဆက်စပ်ထုတ်ကုန်တွေအပေါ် သွင်းကုန်အပေါ်စည်းကြပ်ခွန်လို ကုန်သွယ်ရေးတင်းကျပ်မှုတွေ ပြုလုပ်သွားမယ်လို့ ဘရပ်ဆဲလ်မြို့မှာကျင်းပတဲ့ ဥရောပကော်မရှင်အစည်းအဝေး ပထမနေ့မှာ သတင်းထောက်တွေကို ပြောခဲ့တာပါပဲ။

မစ္စက်အာဆူလာက ဒီလို ကုန်သွယ်ရေးတင်းကျပ်မှုတွေပြုလုပ်ရခြင်းအတွက် အကြောင်းရင်းတွေရှိပြီး ထိုသို့ပြုလုပ်ခြင်းက ရုရှားရဲ့ထုတ်ကုန်တွေကြောင့် ဥရောပဈေးကွက် မတည်မငြိမ်ဖြစ်ရမှာကိုလည်း တားဆီးနိုင်မယ်လို့ ဆိုခဲ့ပါတယ်။

ရုရှားထံက စိုက်ပျိုးရေးသွင်းကုန်တွေကို စည်းကြပ်ခွန်သတ်မှတ်ဖို့ ဒီနေ့ မတ်လ ၂၂ ရက်မှာ ဆွေးနွေးသွားကြမယ်လို့လည်း ဘယ်လ်ဂျီယံဝန်ကြီးချုပ် အလက်ဇန်းဒါး ဒီခရိုးကပြောခဲ့မါတယ်။ ဒါ့အပြင် ဈေးပေါတဲ့ ယူကရိန်းသီးနှံတွေ ဝင်ရောက်လာမှုကြောင့် ဥရောပနိုင်ငံတွေမှာ ပြည်တွင်းပြဿနာကြုံရမှုတွေကိုလည်း ဖြေရှင်းဖို့ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

Ref -Tass

Leave a Reply

Your email address will not be published. Required fields are marked *

Related News