

၂၉.၁၀.၂၀၂၆
Written by KL
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ စံပယ်လမ်းနှင့် တော်ဝင်ရတနာလမ်းထောင့်တွင် ဆိုင်ကယ်နှင့် မြေသယ်ယာဥ်တိုက်မိရာမှ လူငယ်နှစ်ဦးသေဆုံးမှု အောက်တိုဘာလ ၂၈ ရက် ညနေ ၃ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ တော်ဝင်ရတနာလမ်းအတိုင်း ဧည့်ဂေဟာနယ်မြေရဲစခန်းဘက်မှ အပျိုဆောင်ဘက်သို့ မောင်းနှင်လာသော Forland အဖြူရောင်မြေသယ်ယာဥ်နှင့် စံပယ်လမ်းအတိုင်း Juntion Centreဘက်မှ လူငယ်နှစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်တို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ်တိုက်မှုကြောင့် ဆိုင်ကယ်ယာဥ်မောင်း အသက် ၂၂ နှစ်အရွယ် ကိုဇော်မျိုးသက်ပိုင်ဦးနှင့် အသက် ၁၆ နှစ်အရွယ် မောင်အေးလင်းအောင်တို့ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
ယာဥ်တိုက်မှုဖြစ်ပွားရာနေရာသို့ ဒက္ခိဏသီရိမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။
သေဆုံးသူ အမျိုးသားနှစ်ဦးကို လူငယ်တွဲလက်လူမှုကူညီရေးအသင်းမှ အသင်းဝင်များက သူနာတင်ယာဉ်ဖြင့် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
