April 27, 2024

၂၁.၃.၂၀၂၄
Written By Thandar

သရုပ်ဆောင်လောကထဲကတစ်ဆင့် DJ နဲ့ ဂီတလမ်းကြောင်းပေါ်ရောက်လာတဲ့ သရုပ်ဆောင် လမင်းကဗျာကတော့ ပြန်ဆိုတေးတဲ့သီဆိုတဲ့အခါ ဝေဖန်တဲ့လူတွေရှိသလို Blame တဲ့လူတစ်စုလည်းရှိတော့ ရိုးနေပါပြီလို့ ရင်ဖွင့်လာပါတယ်။

“ပြန်ဆိုတေးတွေကို လူတိုင်းက ဆိုကြပါတယ်။ တကယ့်နာမည်ကြီးပြီးသားသူတွေတောင် ဆိုကြတာလေ။ လမင်းတို့လို့ နာမည်မရှိတဲ့သူတွေလည်း ပြန်ဆိုကြပါတယ်။ ဒီမှာက ပြန်ဆိုတေးတွေ ပြန်ဆိုပြီးဆိုတာနဲ့ ကောင်းကောင်း မကောင်းကောင်း လက်မခံတာ များတယ်။ လမင်းကတော့ ပထမ မူရင်းအဆိုရှင်တွေလိုတော့ ဘယ်မှီပါ့မလဲ။ ကိုယ်တွေလို မကောင်းတဲ့ လူတွေဆို ပိုအပြောခံရတာပေါ့။ ဒါပေမယ့် ရှိုးပွဲလေးတွေဆိုတဲ့အခါမှာအောက်က ပရိသတ်တွေနဲ့ အပေးအယူမျှကြတော့ အားပေးတဲ့ ပရိသတ်တွေလည်းရှိတယ်။ ဝေဖန်တဲ့လူတွေရှိသလို Blame တဲ့ လူတစ်စုလည်းရှိတော့ ရိုးနေပါပြီ”လို့ သရုပ်ဆောင် အဆိုတော် လမင်းကဗျာက ပြောပါတယ်။

သူမဟာ လက်ရှိ ကိုယ်ပိုင်သီချင်းဖြစ်တဲ့ “ငါတစ်ယောက်ထဲ” သီချင်းထွက်ဖို့ Music Video ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ လမင်းကဗျာက Own Tube အနေနဲ့ ၃ ပုဒ်ရှိပြီး ပြန်ဆိုတေးတွေ ထွက်ရှိထားပါတယ်။ သင်္ကြန်ရာသီစာဖြစ်တဲ့ ပိုက်စုတ်ကြီး သီချင်းဟောင်းလေး ပြန်လည်ထွက်ရှိထားတာလည်း ဖြစ်ပါတယ်။

“သူများသီချင်းတွေကို ပြန်ဆိုတာက Cover မဟုတ်ဘူးလေ။ Cover ဆိုတယ်ဆိုတာက သီချင်းတစ်ပုဒ်ကို မဝယ်ဘဲနဲ့ ဂစ်တာလေးတီးပြီးဆိုတာမို့ ဆိုချင်သလို ဆိုလို့ရတယ်။ ဝယ်စရာလည်း မလိုဘူး။ ဂစ်တာလေးနဲ့ သံစဉ်လေး တီးခတ်ပြီးပေါ့။ ပြန်ဆိုတေးဆိုတာက လမင်းတို့က တေးရေးဆရာဆီက တရားဝင်ဝယ်ဆိုတာပါ။ Music ပိုင်းကို ပြင်ဆင်ပြီး ပြန်ဆိုကြတာပါ။ ပြန်ဆိုတေးတွေကတော့ လမင်း ရှေ့ဆက်ပြီးသွားဦးမှာပါ”လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News