၂၁.၃.၂၀၂၄.
Translated by Htwe Ko Tun

ဂျပန်နိုင်ငံ အနောက်ဘက်ပင်လယ်အတွင်း မတ်လ ၂၀ ရက် နံနက်က တိမ်းစောင်းနစ်မြုပ်ခဲ့သော တောင်ကိုရီးယားနိုင်ငံ အလံတင် ဓာတုပစ္စည်းတင်သင်္ဘော Keoyong Sun မှ သင်္ဘောသားရှစ်ဦး သင်္ဘောနစ်မြုပ်မှုအတွင်း သေဆုံးခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က မတ်လ ၂၁ ရက် နံနက်တွင် ပြောကြားခဲ့သည်။

ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၎င်းတို့မှာ ဆေးရုံသို့ရောက်ရှိပြီးနောက်တွင် သေဆုံးခဲ့ရခြင်းဖြစ် ကြောင်းလည်း အတည်ပြုပြောကြားခဲ့သည်။သင်္ဘောပေါ်တွင်လိုက်ပါလာသူ သင်္ဘောသား စုစုပေါင်း ၁၁ ဦးရှိရာ တစ်ဦးသာ လျှင် အသက်အန္တရာယ်မစိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်းနှင့် ကျန်သုံးဦးအနက်နှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ် ကြောင်း သိရသည်။

ဓာတုသင်္ဘောပေါ်တွင် လိုက်ပါလာသူ သင်္ဘောသား ၁၁ ဦးအနက် တောင်ကိုရီးယား နှစ်ဦး၊ အင်ဒိုနီးရှား ရှစ်ဦးနှင့် တရုတ်နိုင်ငံသားတစ်ဦးတို့ပါဝင်ကြောင်းလည်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောခဲ့သည်။

သင်္ဘောက တန်ချိန် ၉၈၀ ရှိ Acrylic အက်ဆစ်များကိုသယ်ဆောင်လာခြင်းဖြစ်ပြီး ၎င်းတို့က ပင်လယ်ပြင်ထဲသို့ စိမ့်ကျယိုဖိတ်မှုရှိမရှိ သတင်းမရသေးဟုလည်းဆိုသည်။ NHK သတင်းဌာန၏ ဗီဒီယိုပြသချက်အရ သင်္ဘောမှာပက်လက်လှန်တိမ်းမှောက်နေပြီး ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့မှ သင်္ဘောတစ်စီး၊ အသက်ကယ် လှေတစ်စီးနှင့် ကောင်းကင်မှ ရဟတ်ယာဉ်တစ်စီးတို့က ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ကြရသည်။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *