၂၂. ၂. ၂၀၂၄
Written by Pan Ei

မြန်မာနိုင်ငံက နာမည်အကြီးဆုံး MLBB အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ Burmese Ghouls အသင်းဟာ မကြာမီရက်ပိုင်းအတွင်း ရုရှားနိုင်ငံမှာ ကျင်းပတော့မဲ့ Game of the Future 2024 ပြိုင်ပွဲကြီးအတွက် မြန်မာနိုင်ငံကနေ ရုရှားနိုင်ငံ ကာဇန်မြို့ကို ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

Game of the Future 2024 ပြိင်ပွဲကြီးမှာ ပါဝင်ကစားသွားမဲ့ Burmese Ghouls အသင်းရဲ့ Line Up ထဲမှာ အင်ဒိုနီးရှားက အသစ်ခေါ်ယူထားတဲ့ Dlar နဲ့ Saxa တို့လို့ ကစားသမားတွေကိုလည်း တွေ့ရကာ ကစားသမားဟောင်းတွေဖြစ်တဲ့ Blink၊ Stitch၊ Niko တို့နဲ့ ဘယ်လို တွဲဖက်ညီစွာနဲ့ ဆော့ကစားသွားမလဲ ကြည့်ရမှာပါ။

Burmese Ghouls အသင်းဟာ ပြိုင်ပွဲကြီးမှာ အုပ်စုအနေနဲ့ A အုပ်စုမှာ ကျရောက်နေပြီး ရေစက်အတော်ပါတယ်လို့ ပြောလို့ရမဲ့ ပြိုင်ဖက်ဟောင်းကြီး အင်ဒိုနီးရှားအသင်း RRQ Hoshi၊ M5 မှာ နာမည်ကြီးခဲ့တဲ့ ရုရှားအသင်း Deus Vult၊ M5 မှာ အုပ်စုတူခဲ့တဲ့ မွန်ဂိုလီးယားအသင်း Team Lilgun တို့နဲ့ Burmese Ghouls က အုပ်စုပွဲစဉ်တွေကို ယှဉ်ပြိုင်ရမှာပါ။

Burmese Ghouls ပွဲစဉ်တွေမှာ နောက်ထပ်စိတ်ဝင်စားစရာ ပိုကောင်းလာဦးမှာကတော့ RRQ Hoshi မှာ နည်းပြအဖြစ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံက နည်းပြ Zaya နဲ့ မြန်မာနိုင်ငံက Burmese Ghouls အသင်းရဲ့ နည်းပြ Dale တို့ရဲ့ နည်းပြအချင်းချင်း ပြန်လည်ထိပ်တိုက်တွေ့ဆုံမှုကိုလည်း တွေ့ကြရဦးမှာလည်း ဖြစ်ပါတယ်။

အသင်းကြီးတွေနဲ့ ကျရောက်နေတဲ့ Burmese Ghouls အနေနဲ့ အုပ်စုတက်ဖို့ ရုံးကန်ရမဲ့ အနေအထားရှိပေမဲ့ တခြားနိုင်ငံက ခေါ်ယူထားတဲ့ ကစားသမားတွေသုံးပြီး အားဖြည့်ပွဲထုတ်လာတာနဲ့အတူ ပြိုင်ပွဲကြိမှာ ဘယ့်အဆင့်အထိ တက်လှမ်းသွားနိုင်မလဲဆိုတာ စောင့်ကြည့်သွားကြရဦးမှာပါ။

အနိုင်ရရှိမယ့် အသင်းတွေကို အဆင့်အလိုက် ဆုချီးမြှင့်သွားမှာဖြစ်ပြီး အသင်းအားလုံးအတွက် စုစုပေါင်းချီးမြှင့်မဲ့ ဆုကြေးကတော့ အမေရိကန်ဒေါ်လာ ၁ သန်းအထိရှိတဲ့ Game of Future 2024 ပြိင်ပွဲကြီးမှာ စုစုပေါင်း အသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ Game of the Future ပွဲစဉ်ကြီးရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေကိုတော့ လာမဲ့ ဖေဖော်ဝါရီလ ၂၆ရက်နဲ့ ၂၇ ရက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ရှုံးထွက်ပွဲစဉ်တွေကိုတော့ ဖေဖော်ဝါရီလ ၂၈ ရက်ကနေ မတ်လ ၄ ရက်အထိ ကြည့်ရှုနိုင်မှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *