MT News

၂၉.၁၁.၂၀၂၂

မနေ့ညက ကစားခဲ့တဲ့ပွဲတွေမှာတော့ ‌တောင်ကိုရီးယားက ဂါနာကိုရှုံးခဲ့လို့ အုပ်စုတက်ရေးအိမ်မက်က မရေမရာဖြစ်သွားပါပြီ။ ဆားဘီယားကလည်း ကင်မရွန်းနဲ့ အံ့အားသင့်စရာ သရေကျခဲ့ပြန်တော့ နာမည်ကြီးတွေ အိမ်ပြန်ရဖို့ သေချာနေပြန်ပါတယ်။ ဘရာဇီးလ်၊ ပေါ်တူဂီတို့ကတော့ အနိုင်ရပြီး အုပ်စုတက်ဖို့ လုံးဝသေချာသွားပါပြီ။

ဒီနေ့ညမှာတော့ ပွဲကောင်းတွေကို ကြိုတင်ရင်ခုန်နိုင်ဖို့အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြ‌ပေးလိုက်ရပါတယ်။

…….

အီ​​ကွေ​​​ဒေါ – ဆီနီ​ဂေါ

​နောက်တစ်ဆင့်တက်ဖို့အတွက် အီ​ကွေ​ဒေါက သ​ရေရ​အောင်ကန်တာနဲ့တက်မှာဖြစ်​ပေမယ့် ဆီနီ​ဂေါက​တော့ အနိုင်ကန်ရမယ့် ဖိအားဝင်​နေပါတယ်။ လက်ရှိ​ခြေစွမ်းအရ အီ​ကွေ​​ဒေါက သာ​နေပါတယ်။ အဖက်ဖက်က ထိန်းကန်မှာမို့ လူတိုင်းဂိုး​အောက်​နေကြပါတယ် မထင်ပါနဲ့ ဒီလိုအုပ်စုတက်မယ့်​နောက်ဆုံးပွဲ ဆီနီ​ဂေါဖွင့်တိုက်မှာမို့ ဂိုးက ၂ သင်း​ပေါင်း ၂ ဂိုးအနိမ့်ဆုံးသွားမှာပါ။

​ရွေးချယ်မှု – ဂိုး​​ပေါ်

……..

နယ်သာလန် – ကာတာ

ကာတာ​ခြေနဲ့ ​နယ်သာလန်​ခြေက မိုးနဲ့​မြေလိုကွာခြားပါတယ်။ အုပ်စုဗိုလ်ရဖို့ ကာတာကို ဂိုးပြတ်ဖုတ်မှာပါ။ ကာတာက​တော့ အဖြည့်ခံမို့ ​နောက်ဆုံးပွဲ ဂိုးအလှူ​တော်ကြီး​ပေးမှာပါ။​ ကြေး​အောင်မယ့် နယ်သာလန်က ​နေထိုင်တာ အ​ကောင်းဆုံးပါ။

​ရွေးချယ်မှု – နယ်သာလန်

…….

အီရန် – အ​မေရိကန်

အီရန်က ​ဝေးလ်ကို ကံ​ကောင်းလို့ နိုင်​ပေမယ့် အ​မေရိကန်နဲ့​တွေ့ရင် ၂ ခါကံမ​​ကောင်းပါဘူး။ နိုင်ငံ​ရေးအရ မတည့်တဲ့ ၂ သင်း​တွေ့ဆုံတာမို့ ​ရေကုန်​ရေခမ်းကန်ကြမှာပါ။

အီရန်က သ​ရေဆိုရင် တက်နိုင်​ပေမယ့် အ​မေရိကန်က အနိုင်ကန်မှာပါ။ လူငယ်ကစားအားရှိတဲ့အ​မေရိကန်အနိုင်ပါ။

​ရွေးချယ်မှု – အ​မေရိကန်

……

​ဝေးလ် – အင်္ဂလန်

​ဝေးလ်က အသက်ကြီးပိုင်းကစားသမား​တွေ များ​နေပြီး ​ဘေးလ်ကလဲ မစွမ်း​ဆောင်နိုင်​တော့ပါဘူး။ အစဥ်အလာအရ​​ရော ကစားသမားအရပါ အင်္ဂလန်က အဖက်ဖက်ကသာပါတယ်။ အုပ်စုဗိုလ်ရဖို့ ဆာကာတို့ ဖိုဒန်တို့ လူငယ်အား​တွေကြောင့် ​ဝေးလ်လက်ပြနှုတ်ဆက်ရမှာပါ။

​ရွေးချယ်မှု – အင်္ဂလန်

……

Leave a Reply

Your email address will not be published. Required fields are marked *