မြေကြီးသယ်ယာဥ်ဖြင့် တိုက်မိသည့် ဖြစ်စဥ်မြင်ကွင်းများကို တွေ့ရစဥ် (ဓာတ်ပုံ-တာချီလိတ်လူမှုကူညီရေးအသင်း)

၂၉. ၁၁.၂၀၂၂
Written by Thi Ha

မြေကြီးသယ်သည့်ယာဥ်မှ ဘရိတ်ပေါက်ပြီး တစ်ဖက်လမ်းကြောမှ မောင်းနှင်လာသည့် ဆိုင်ကယ်အား ဝင်ရောက် တိုက်မိကာ ဆိုင်ကယ်စီးနင်းလာသူ အသက် ၂၀ ကျော်လူငယ်တစ်ဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးမှု ယနေ့ နေ့လည် ၁၂ နာရီ ဝန်းကျင်က တာချီလိတ်မြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ တာချီလိတ်မြို့၊ အောင်ပင်လယ် အပိုင် ဟုန်ပန်းကွင်းအနီး ၊ ကွန်ကရစ်လမ်းပေါ်တွင် မြေသယ်ယာဥ်တစ်စီးမှ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဖြစ်ကာ တစ်ဖက်ယာဥ်ကြောမှ ဆိုင်ကယ်အား တိုက်မိကာ ဆိုင်ကယ်မောင်းနှင်သူ အသက် ၂၀ ကျော် (အမည်မသိရသေး) အမျိုးသားတစ်ဦးမှာ ဦးခေါင်းကွဲဒဏ်ရာ၊ ဗိုက်ပေါက်ဒဏ်ရာ၊ ခြေထိခိုက်ဒဏ်ရာများ ရရှိကာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း တာချီလိတ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

ယာဥ်မောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ အပ်နှံ၍ သေဆုံးသူ၏ အလောင်းအား တာချီလိတ်ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ထားရှိသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News