◾ မန်စီးတီးနဲ့ ချန်ပီယံလိဂ်အပါအဝင် ဖလား ၄ လုံးယူပေးခဲ့ပေမဲ့ လီဂူး – ၁ ချန်ပီယံဆုတစ်ခုပဲ ရယူနိုင်ခဲ့တဲ့ မက်ဆီကို FIFA အကောင်းဆုံးကစားသမားဆုအတွက် မကျော်ဖြတ်နိုင်ခဲ့တဲ့ ဟာလန်း

၁၆. ၁. ၂၀၂၄

Written by Thettant

၂၀၂၃ ခုနှစ်အတွက် The Best FIFA Football Awards ဆု ချီးမြှင့်ပွဲအခမ်းအနားကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ဇန်နဝါရီ ၁၅ ရက်ညက ကျင်းပခဲ့ပြီး ထုံးစံအတိုင်း မက်ဆီကပဲ ဆွတ်ခူးရရှိခဲ့ပါတယ်။

The Best FIFA Football Awards ကစားသမားဆုကို ဟာလန်း (မန်စီးတီး)၊ အမ်ဘာပေ (PSG)၊ မက်ဆီ (အင်တာမိုင်ယာမီ) တို့ အပြီးသတ်ရွေးချယ်ခံခဲ့ရပြီး ဆုချီးမြှင့်မဲ့ အချိန်ကာလအပိုင်းအခြား စွမ်းဆောင်ရည်အရ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်၊ FA ဖလား၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား ဆွတ်ခူးရရှိထားသလို စံချိန်တင်ဂိုးအရေအတွက် သွင်းယူပေးနိုင်ခဲ့တဲ့ ဟာလန်းဟာ အဆင့်နိမ့်တဲ့ လီဂူး – ၁ ချန်ပီယံဆုပဲရခဲ့တဲ့ ဘာပေနဲ့ မက်ဆီ ထက် အသာစီးရနေပေမဲ့လည်း နောက်ဆုံးမှာတော့ မက်ဆီကပဲ FIFA အကောင်းဆုံးကစားသမားဆု ရသွားခဲ့တာပါ။ ဒါက ဟာလန်းအတွက်တော့ ဓားပြတိုက်ခံရသလိုမျိုးပါပဲ။

This image has an empty alt attribute; its file name is IMG_9090-1024x1024.jpeg

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဟာ The Best FIFA Football Awards အမည်နဲ့ ၂၀၁၆ ခုနှစ်က စ ဆုချီးမြှင့်တာဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွက် ဆုချီးမြှင့်ပွဲအခမ်းအနားကို မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၆ ရက် မနက် ၂ နာရီမှာ ပေးအပ်ခဲ့ရာမှာ အမျိုးသားကစားသမားဆုအတွက် မက်ဆီ၊ အမျိုးသမီးကစားသမားဆုအတွက် ဘာစီလိုနာက ဟွမ်မာတီ၊ အမျိုးသားအသင်းနည်းပြဆုအတွက် ဂွါဒီယိုလာ၊ အမျိုးသမီးအသင်းနည်းပြဆုအတွက် အင်္ဂလန်အသင်းရဲ့ နည်းပြ ဆရီနာဝိခ်မန်း၊ အမျိုးသားဂိုးသမားဆုအတွက် မန်စီးတီးဂိုးသမား အီဒါဆင်၊ အမျိုးသမီးဂိုးသမားဆုအတွက် မန်ယူဂိုးသမား မေရီအပ်ပ် ၊ ပွတ်ရှ်ကပ်စ် (အကောင်းဆုံးသွင်းဂိုး) ဆုအတွက် ဘိုတာဖိုဂိုအသင်းက မာဒရူဂါ၊၊ FIFA Fair Play ဆုကို ဘရာဇီးလ်အသင်း၊ FIFA ပရိသတ်ဆု Fan Award ကို အာဂျင်တီးနား ကလပ် Colon အသင်းရဲ့ Hugo Daniel Iniguez နဲ့ Special Awards ဆုကို ဘရာဇီးအမျိုးသမီးကစားသမား မာတာ တို့က ဆွတ်ခူးခဲ့ပါတယ်။

The Best FIFA Football Awards အမည်နဲ့ ၂၀၁၆ ခုနှစ်က ချီးမြှင့်ခဲ့တဲ့ အမျိုးသားကစားသမားဆုကို ရော်နယ်လ်ဒိုက၂၀၁၆၊ ၂၀၁၇ နဲ့ နှစ်ကြိမ်၊ လီဝန်ဒေါစကီးက ၂၀၂၀ နဲ့ ၂၀၂၁ မှာ နှစ်ကြိမ်၊ မိုဒရစ်က ၂၀၁၈ မှာ တစ်ကြိမ်နဲ့ မက်ဆီက၂၀၁၉၊ ၂၀၂၂ နဲ့ ၂၀၂၃ ကြိမ်တို့မှာ သုံးကြိမ်ဆွတ်ခူးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *