၁၆. ၁. ၂၀၂၃
Written by Hey Mar

သားနဲ့တူပေါင်းပြီး ကိုယ့်အဖေ ကိုယ့်ဦးလေးကို ပြန်သတ်ခဲ့တဲ့ ဖြစ်စဉ် မနေ့က ဇန်နဝါရီ ၁၅ ရက် ည ၉ နာရီ မိနစ် ၃၀ အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် ပဲကတိုးရွာမှာဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေး အသင်းကနေ သိရပါတယ်။

ဖြစ်စဉ်က တူအရီး သားအဖတွေ စကားများရာက သားနဲ့တူဖြစ်သူက ပေါက်​ပြားနဲ့ ခုတ်သတ်တာကြောင့် ဦးမင်းကျော် အသက် ၄၂ နှစ်ဟာ နေရာတင်ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ ဒေသခံ လူမှုကူညီရေးအသင်းက “ဖြစ်တာက ညကတည်းက ဖြစ်တယ်ဆိုပေမယ့် ဒီမနက်မှ သွားသယ်ရတယ်။ မြို့စွန်ဘက်လည်း ဖြစ်နေပြီး လွတ်မြောက်နယ်မြေဘက်ထဲရောက်နေတာမို့ပါ။ ဦးလေးနဲ့ တူ ဖြစ်သူက အရက်ဆိုင်မှာ စကားများကြတယ်။ ပြန်လာတော့ အိမ်ကသားနဲ့ ထပ်ဖြစ်တာမှာ တူကပါရောက်လာပြီး ပေါင်းသတ်လိုက်ကြတာလို့ ပြောတယ်။ ကျွန်တော်တို့လည်း သည်လောက်ပဲသိရပါတယ်” လို့ပြောပါတယ်။

ရုပ်အလောင်းကို လူမှုကူညီရေးအသင်းယာဉ်နဲ့ သွားရောက်သယ်ယူပြီး စစ်ကိုင်းဆေးရုံ OPD မှတစ်ဆင့် ရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *