



MT News
၂၉. ၉. ၂၀၂၆
အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်၏ အဖိုးတန် သယံဇာတပစ္စည်းများ တရားမဝင် တူးဖော်လုပ်ကိုင်၍ ၎င်းမှရရှိသည့် ငွေကြေးများဖြင့် လက်နက်ခဲယမ်းများ မှောင်ခိုဝယ်ယူကာ အင်အားတိုးချဲ့ တည်ဆောက်ပြီး အဖျက်အမှောင့် လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိသည်။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက ဒေသခံပြည်သူများ၏ တိကျသော သတင်းပေးပို့မှုများအရ မြိုင်မြို့နယ် လက်ပံတို-ကျောက်ခွက်ရေနံမြေ နယ်မြေ တဲကြီးကျေးရွာအနီး တရားမဝင် ရေနံတူးဖော်လုပ်ကိုင်၍ ဒေသခံပြည်သူများအပေါ် အနိုင်ကျင့် ဗိုလ်ကျစိုးမိုးနေသော PDF များ၏ နေရာများကို လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်၍ တရားမဝင် ရေနံတူးဖော် ချက်လုပ်ရာနေရာများကို မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီး အတွင်း နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြိုင်မြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တရားမဝင် ရေနံတွင်းတူးဖော် ချက်လုပ်ခြင်း ဆောင်ရွက်နေကြောင်းနှင့် ဒေသခံများ၏ လက်ယက်တွင်းများဖြင့် ရေနံတူးဖော်ခြင်းလုပ်ငန်းမှ ဆက်ကြေးကောက်ခံနေကြောင်း တာဝန်သိ ပြည်သူများ၏ သတင်းပေးပို့မှုအရ လိုအပ်သည့် ရှာဖွေစစ်ဆေးမှုများ စတင်ဆောင်ရွက်ခဲ့ရာ သြဂုတ် ၃၁ ရက်တွင် ၁ နေရာ၊ စက်တင်ဘာ ၃ ရက်တွင် ၂ နေရာ၊ စက်တင်ဘာ ၄ ရက်တွင် ၁ နေရာ၊ စက်တင်ဘာ ၅ ရက်တွင် ၂ နေရာ၊ စက်တင်ဘာ ၆ ရက်တွင် ၃ နေရာ၊ စက်တင်ဘာ ၇ ရက်တွင် ၃ နေရာ၊ စက်တင်ဘာ ၈ ရက်တွင် ၃ နေရာ၊ စက်တင်ဘာ ၉ ရက်တွင် ၅ နေရာ၊ စက်တင်ဘာ ၁၀ ရက်တွင် ၆ နေရာ၊ စက်တင်ဘာ ၁၁ ရက်တွင် ၅ နေရာ၊ စက်တင်ဘာ ၁၂ ရက်တွင် ၅ နေရာ၊ စက်တင်ဘာ ၁၃ ရက်တွင် ၅ နေရာ၊ စက်တင်ဘာ ၁၄ ရက်တွင် ၇ နေရာ၊ စက်တင်ဘာ ၁၅ ရက်တွင် ၇ နေရာ၊
စက်တင်ဘာ ၁၆ ရက်တွင် ၆ နေရာ၊ စက်တင်ဘာ ၁၇ ရက်တွင် ၆ နေရာ၊ စက်တင်ဘာ ၁၈ ရက်တွင် ၆ နေရာ၊ စက်တင်ဘာ ၁၉ ရက်တွင် ၆ နေရာ၊ စက်တင်ဘာ ၂၀ ရက်တွင် ၆ နေရာ၊ စက်တင်ဘာ ၂၁ ရက်တွင် ၆ နေရာ၊ စက်တင်ဘာ ၂၂ ရက်တွင် ၆ နေရာ၊ စက်တင်ဘာ ၂၃ ရက်တွင် ၆ နေရာ၊ စက်တင်ဘာ ၂၄ ရက်တွင် ၆ နေရာ၊ စက်တင်ဘာ ၂၅ ရက်တွင် ၆ နေရာ၊ စက်တင်ဘာ ၂၆ ရက်တွင် ၈ နေရာနှင့် စက်တင်ဘာ ၂၇ ရက်တွင် ၈ နေရာစုစုပေါင်း တရားမဝင် တူးဖော်လုပ်ကိုင်နေသည့်ရေနံတွင်းနေရာပေါင်း ၁၃၁ နေရာ တို့အား ဖော်ထုတ်တွေ့ရှိပြီး ရေနံချက်လုပ်ရာတွင် အသုံးပြုခဲ့သည့် လုပ်ငန်းသုံး ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများ ခိုအောင်းခဲ့သည့် ယာယီတဲအဆောက်အအုံ ၂၄၆ လုံး တို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိ တရားမဝင် ရေနံတူးဖော်ခြင်းများ လုပ်ဆောင်နေသည့် ရေနံတွင်းနေရာများနှင့် လုပ်ငန်းသုံးပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းဒေသတစ်ခုလုံးတွင်လည်း တရားမဝင် ရေနံတူးဖော်ခြင်းများ ဆောင်ရွက်မှု မရှိစေရေး လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
