၂၂.၁၁.၂၀၂၃
Written By Thandar

လာမယ့် ဒီဇင်ဘာ ၁၀ ရက်မှာ ကျင်းပသွားမယ့် Miss Grand Myanmar 2024 ပြိုင်ပွဲမှာ Winner ဆုရှင်ကို ကျပ်သိန်း ၁၈၀၀ နီးပါးအကုန်ကျခံ အသေးစိတ်ဖန်တီးတီထွင်ထားတဲ့ Crown အပြင် တခြားတန်ဖိုးကြီးဆုတွေ ပေးအပ်သွားမယ်လို့ National Director ကိုထူးအံ့လွင်က ပြောပါတယ်။

Miss Grand Myanmar 2024 Winner ဆုရှင်ကို ချီးမြှင့်မဲ့ သရဖူက မြန်မာ့အဖိုးတန်ကျောက်မျက်ရတနာတွေဖြစ်တဲ့ ရွှေတွင်းဝါ၊ ပတ္တမြား၊ ပြောင်ဂေါင်းစိမ်း၊ စိန်နဲ့ ရွှေတို့ကို ပေါင်းစပ်ပြီး အချိန် ၈ လကျော်ကြာ တီထွင်ဖန်တီး ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။ ဒီ Miss Grand Myanmar 2024 Crown ကို Winner ရရှိသူ အလှမယ်က တစ်နှစ်တာ ထိန်းသိမ်းထားခွင့်ရရှိမှာ ဖြစ်ပါတယ်။

အဆိုပါ Crown ကို တန်ဖိုးအားဖြင့် မြန်မာငွေ ကျပ်သိန်း ၁၈၀၀ နီးပါး အကုန်အကျခံပြီး အသေးစိတ်ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။

Winner ဆု ရရှိသူကတော့ EV ကားအသစ်ကြီး၊ Condo တိုက်ခန်းတို့ကို တစ်နှစ်တာ အကျိုးခံစား အသုံးပြုခွင့် ရရှိမှာဖြစ်ပြီး Cash Prize More Than 2 Million ရရှိမှာဖြစ်ပါတယ်။

Miss Grand Myanmar 2024 ပြိုင်ပွဲကြီးမှာ ဘယ်အလှမယ်ကတော့ သိန်း ၁၈၀၀ နီးပါးတန်ဖိုးရှိတဲ့ Crown၊ EV ကား၊ Condo အပြင် ဆုကြေးတွေကို အကျိုးခံစားခွင့်ရမလဲဆိုတာ စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News