၂. ၁၁. ၂၀၂၃
Written by Nay Moe

ဒီနေ့မနက်ကြာအင်းဆိပ်ကြီးတိုက်ပွဲမှာ အယ်စေးဝါးဦးဆောင်တဲ့ Lion Battalion စစ်ကြောင်းရဲ့ ဒုတိယခေါင်းဆောင် စစ်ကြောင်းမှူး စောလား သေဆုံးသွားတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂ ရက် မနက် ၅ နာရီလောက်မှာ ကြာအင်းဆိပ်ကြီးမြို့ကို လာတိုက်ခိုက်တဲ့ KNU နဲ့ Lion Battalion Commando Special Forces ဗျူဟာစစ်ကြောင်းအဖွဲ့ဟာ နယ်မြေခံလုံခြုံရေးတပ်နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး မနက် ၁၀ နာရီလောက်မှာ KNU နဲ့ Lion Battalion စစ်ကြောင်းက ပြန်ဆုတ်ခွာသွားတာပါ။ တိုက်ပွဲဖြစ်ပွားအပြီး နယ်မြေရှင်းလင်းမူဆောင်ရွက်ရာမှာ စစ်ကြောင်းမှူးစောလားရဲ့ အလောင်းနဲ့ ၊ M-4 (ဗုံးပစ်လောင်ချာပါ) ၁ လက်နဲ့ကျည်အိမ် ၁ ခု၊ ပစ္စတို ၁ လက်နဲ့ ကျည်အိမ် ၁ ခု၊လက်ပစ်ဗုံး ၁ လုံး၊ ၉ မမကျည် ၁၂ တောင့်ကို သိမ်းဆည်းရမိခဲ့တယ်လို့ တယ်လီဂရန်ချန်နယ်တွေမှာ တင်ထားတာကို တွေ့ရပါတယ်။

လူမှုကွန်ရက်မှာ စောလားသေသွားတာကို PDF တွေနဲ့ Lion Battalion စစ်ကြောင်းက လက်အောက်ငယ် သားတွေ အတည်ပြုထားတာ တွေ့ရသလို ပျံ့နှံ့လာတဲ့ပုံတွေမှာလည်း စောလားဟာ ဦးခေါင်းတွေ လက်တွေ ကျည်ထိမှန်ဒဏ်ရာနဲ့ သေနေတာကို တွေ့မြင်ရတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *