၃၁. ၁၀. ၂၀၂၃

Written by Ye Kyaw

မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေးအစီအစဉ်ဖြင့် ‌ရောက်ရှိနေသည့် ရုရှားကိုယ်စားလှယ်များအနေဖြင့် မြန်မာ နိုင်ငံ၏ ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသများသို့ လေ့လာလည်ပတ်ပြီးဖြစ်၍ ရုရှားသို့ပြန်‌ရောက်ချိန်တွင် သတင်း စကားများ၊ ဓာတ်ပုံများဖြင့် လူမှုကွန်ရက်မီဒီယာများမှတစ်ဆင့် ဖြန့်ဝေပေးစေလိုကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားခဲ့သည်။

မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip-FAM Trip) အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ခဲ့သည့် ရုရှားခရီးသွားကိုယ်စားလှယ်များသည် အောက်တိုဘာလ ၂၄ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is 397223611_122132484662030934_4250917578390300181_n.jpg

ရုရှားခရီးသွားကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ၏ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသများဖြစ်သည့် မန္တလေး၊ ပုဂံ၊ ရန်ကုန်၊ ကော့သောင်း၊ ငပလီ၊ ငွေဆောင်၊ အင်းလေးစသည့် ခရီးစဉ်ဒေသများကို သွားရောက်လည်ပတ်ခဲ့ကြပြီး ခရီးစဉ်တွင် လိုက်ပါခဲ့ကြသော ရုရှားခရီးသွားကိုယ်စားလှယ်များ၏ အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို အောက်တိုဘာ ၃၀ တွင် ရန်ကုန်မြို့ရှိ Chatrium Hotel Royal Lake Yangon ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ သဘာဝအလှအပများ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရသည့်အတွက် သဘောကျနှစ်သက်မည်ဟု ယုံကြည်ပါကြောင်း၊ ရုရှားနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် မြန်မာနိုင်ငံ၏ အလွန်လှပသည့်ရှုခင်းများ၊ ရှေးဟောင်း အဆောက်အအုံများ၊ ဒေသခံများ၏ နေထိုင်မှုဘဝပုံစံများနှင့် ထူးခြားသည့် ယဉ်ကျေးမှုများကို ခံစားကြည့်ရှုခွင့်မရသေးသူများ သိရှိခံစားလိုစိတ် ဖြစ်ပေါ်လာအောင် သတင်းစကားများ၊ ဓာတ်ပုံများဖြင့် လူမှုကွန်ရက်မီဒီယာများမှတဆင့် ဖြန့်ဝေပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

This image has an empty alt attribute; its file name is 397223602_122132484806030934_7079136679168198941_n.jpg

မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ ရုရှားခရီးသွားဧည့်သည်များ ပိုမိုသိရှိ လာရောက်လည်ပတ်စေရန်နှင့် မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုများကို ရုရှားခရီးသွားဈေးကွက်တွင် မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ လိုင်စင်ရပြည်ပခရီးစဉ်ဆောင်ရွက်သူများ၊ သတင်းနှင့် ရုပ်သံဌာနတို့မှ ကိုယ်စားလှယ် ၄၃ ဦးနှင့် မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားကုမ္ပဏီ ၆၀ ကျော်မှ လုပ်ငန်းရှင်များ အချင်းချင်းတွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *