၃၁.၁၀.၂၀၂၃

Translated by Htwe Ko Tun

ကာလကြာရှည်ရပ်တန့်နေသော ဘင်္ဂါလီဒုက္ခသည်များအား ပြန်ပို့ရေးအစီအစဥ်ကို ယခုအခါ တရုတ်အစိုးရ၏ အားပေးကူညီမှုဖြင့် ပြန်လည်စတင်နိုင်ရန် စီမံချက်တစ်စိတ်တစ်ပိုင်းအနေဖြင့် ဘင်္ဂါလီဒုက္ခသည်များနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် မြန်မာအစိုးရတာဝန်ရှိသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အောက်တိုဘာ ၃၁ ရက်က ရောက်ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့ကြသည်။

၂၀၁၇ ခုနှစ်တွင် မြန်မာ့တပ်မတော်စခန်းများကို ဝင်တိုက်ပြီးနောက် ထွက်ပြေးလာကြသော မြန်မာနိုင်ငံတွင် နေထိုင်နေသည့် ဘင်္ဂါလီများ၏အများစုဖြစ်သည့် ဘင်္ဂါလီတစ်သန်းခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည်။

နိုင်ငံမဲ့နှင့်ဖိနှိပ်မှုဒဏ်ခံနေရသောအခြေအနေတွင် ဘင်္ဂါလီတို့က လူဦးရေကျပ်သိပ်ကာ အန္တရာယ်ရှိပြီး အရင်းအမြစ်ပစ္စည်းများလည်းမရှိသည့် ဒုက္ခသည်စခန်းများ၌ နေထိုင်ခဲ့ကြသည်။ ၎င်းတို့ကိုယ်တိုင်က မြန်မာနိုင်ငံသို့ပြန်ရန် နှောင့်နှေးနေကြမှုနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရပြောကြားချက်အရ မြန်မာအစိုးရဘက်မှလည်း တွန့်ဆုတ်နေမှုကြောင့် ၎င်းတို့၏ မြန်မာနိုင်ငံတွင် ပြန် လည်နေထိုင်ရေးကြိုးပမ်းချက်များက အကြိမ်ကြိမ် မအောင်မြင်ဘဲဖြစ်ခဲ့သည်။

မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့က နတ်မြစ်ဆိပ်ကမ်းမြို့ဖြစ်သော တက်နက်ဖ်(Teknaf) မြို့တွင်ရောက်ရှိနေကြပြီး ဘင်္ဂါလီမိသားစုများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒုက္ခသည်များဒုတိယမဟာမင်းကြီး ဆမ်ဆွတ် ဒိုဇါက မြန်မာအဖွဲ့က အောက်တို ဘာလ ၃၁ ရက်တွင် ဒုက္ခသည်များမြန်မာနိုင်ငံသို့ပြန်ရေးဆွေးနွေးကြကာ ၎င်းတို့၏အထောက်အထား သက်သေခံ ကတ်ပြားများကို စ်စစ်ကြမည်ဟု ပြောခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့က နိုဝင်ဘာလ ၁ ရက်တွင်မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဟု ၎င်းကဆိုသည်။

မြန်မာ ဘင်္ဂလားဒေ့ရ်ှနှင့် တရုတ်နိုင်ငံတို့ ဧပြီလအတွင်း တွေ့ဆုံဆွေးနွေးချက်အရ ဘင်္ဂါလီဒုက္ခသည်များကို ပြန်လည်ခေါ်ယူရေးရှေ့ပြေးစီမံချက်၏ အစိတ်အပိုင်းအဖြစ် မြန်မာအစိုးရက ဘင်္ဂါလီ ၃,၀၀၀ ကိုဒီဇင်ဘာလနောက်ဆုံးထားပြန်လည်ခေါ်ယူရန် စီစဥ်နေသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူများက ပြောခဲ့ကြသည်။

အမည်မဖော်လိုသော ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိတစ်ဦးက မြန်မာဘက်က ပြန်ခေါ်ရန်အသင့်ဖြစ်နေသော်လည်း ဘင်္ဂါလီဒုက္ခသည်များဘက်က အသင့်မဖြစ်ကြကြောင်း ပြောခဲ့သည်။

ဘင်္ဂါလီဒုက္ခသည်များ၏ခေါင်းဆောင်တစ်ဦးကမူ မြန်မာအစိုးရအနေဖြင့် ၎င်းတို့အပေါ်နိုင်ငံသားများအဖြစ်အသိအမှတ်ပြုကာ ရရှိထိုက်သော အခွင့်အရေးများပါပေးမည်ဆိုမှ ပြန်လိုကြကြောင်း ပြောခဲ့သည်။

ဘင်္ဂါလီများအား မြန်မာနိုင်ငံအတွင်းတွင်မူ ဘင်္ဂလားဒေ့ရှ်မှ ခိုးစိမ့်ဝင်လာသူများအဖြစ် ရှုမြင်လျက်ရှိကြသည်။

ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဘင်္ဂါလီများနေထိုင်နေရာဒုက္ခသည်စခန်းများတွင် အကြမ်းဖက်မှုများဖြစ်ပွားနေကာ လက်နက်ကိုင်အုပ်စုများအကြား နယ်မြေလုတိုက်ခိုက်မှုများလည်း ရှိနေသည်။ ကုလသမဂ္ဂက ထောက်ပံမှုများပြုနေသော်လည်း လုံလောက်ခြင်းမရှိဘဲ ဒုက္ခသည်စခန်းများတွင် အာဟာရချို့တဲ့ခြင်းများလည်း ကျယ်ပြန့်စွာဖြစ်ပွားနေသည်ကို တွေ့ရသည်။

ဘင်္ဂါလီထောင်ပေါင်းများစွာကလည်း ထိုကဲ့သို့သော အခြေအနေတွင် အရှေ့တောင်အာရှနိုင်ငံများသို့အန္တရာယ်များလှသော ပင်လယ်ရေလမ်းခရီးမှ ခိုးထွက်ပြေးနေကြသည်။

ဘဂ်ါလီများကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန်ဆောင်ရွက်မှုများက ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေတို့ကြောင့် ရပ်တန့်နေခဲ့ရသည်။

Ref-Barrons.com

Leave a Reply

Your email address will not be published. Required fields are marked *