၂၂. ၁၀. ၂၀၂၃

Written by Nay Moe

PDF များထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းဆရာမတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ အောက်တိုဘာ ၁၉ ရက် နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းမြို့နယ်၊ ထားဝယ်ဈေးရပ်ကွက်နေ ညောင်ကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲမှ လက်ထောက်မူလတန်းပြ ကျောင်းဆရာမသည် ၎င်း၏နေအိမ်မှ ကျောင်းသို့ ငါးထပ်ကြီး-ညောင်ကုန်းလမ်းအတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာလာစဉ် ညောင်ကုန်းကျေးရွာအနီးအရောက် PDF အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ဒေါ်….တွင် ယာလက်ကောက်ဝတ်ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ယာလက်သန်းပွန်းပဲ့ဒဏ်ရာတစ်ချက်တို့ရရှိခဲ့၍ ဆေးကုသနိုင်ရေး စစ်ကိုင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အလားတူ နံနက် ၉ နာရီခွဲတွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လိုင်တွီးကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ မဒါလ်းလော့နွမ်း(၂၂)နှစ်သည် အဆိုပါကျေးရွာ၏ အနောက်ဘက်တစ်မိုင်ခန့်အကွာရှိ လင်တန်တောင်ကြောဝန်းကျင်၌ ထင်းခွေနေစဉ် PDF အဖွဲ့က ထောင်ထားသည့် မိုင်း ၁ လုံးပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် မဒါလ်းလော့နွမ်းတွင် ဝဲခြေထောက်ပေါက်ပြဲဒဏ်ရာ တစ်ချက်ရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *