MT News

Written by Tha Doe

KBZ Pay အား ပြည်ပတွင် အသုံးမပြုနိုင်တော့ဟု သတင်းများထွက်ပေါ်နေမှု မှားယွင်းနေပြီး ပြည်ပသို့ရောက်ရှိနေသော်လည်း KBZ Pay ဝန်ဆောင်မှု ဆက်လက်အသုံးပြုနိုင်ကြောင်း KBZ Pay က အသိပေးထားသည်။

KBZPay Account ဖွင့်ထားသည့် ဖုန်းနံပါတ်ဖြင့် ချိတ်ဆက်ထားသော မြန်မာနိုင်ငံမှ Telecom Operator ၏ International Roaming ဝန်ဆောင်မှုကို အသုံးပြု၍ OTP တောင်းဆိုနိုင်ပြီး ပြည်ပသို့ရောက်ရှိနေသော်လည်း KBZPay ဝန်ဆောင်မှုများကို လုံခြုံစိတ်ချစွာ ဆက်လက် အသုံးပြုနိုင်ကြောင်း အသိပေးအပ်ထားသည်။

Roaming SMS ရယူရာတွင် မိမိအသုံးပြုနေသော Telecom Operator အပေါ်မူတည်၍ နိုင်ငံအလိုက် သတ်မှတ်ချက်များ နှင့် ကန့်သတ်ချက်များ ရှိနိုင်သည်ဟုလည်း ပြန်လည်ရှင်းလင်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News