၆.၁၀. ၂၀၂၃
Written By Thandar

Samsung ရဲ့ ၂၀၂၃ ခုနှစ်အတွင်း အကြီးမားဆုံး ပရိုမိုရှင်းအနေနဲ့ ရင်ထဲကသီတင်းကျွတ် ပရိုမိုးရှင်းအစီအစဉ်နဲ့အတူ ငွေ သားဆုတွေ မိတ်ဆက်ပွဲကို အောက်တိုဘာ ၅ရက် ညနေပိုင်းက ရန်ကုန်မြို့ Myanmar Plaza မှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကိုတော့ နိုင်ငံကျော်အဆိုတော် စန္ဒီမြင့်လွင် တက်ရောက်ခဲ့ပြီး တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ပါတယ်။ အဲဒီနောက် ပရိသတ်တွေနဲ့အတူ ဂိမ်းများဆော့ကစားခြင်း၊ ဆုလက်ဆောင်တွေလည်း ပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။

ဒီပရိုမိုးရှင်း အစီအစဉ်ကို အောက်တိုဘာ ၁ ရက်ကနေ ၃၁ ရက်အထိ ပြုလုပ်မှာဖြစ်ပြီး သီတင်းကျွတ်အမှတ်တရ လက် ဆောင်ပစ္စည်းတွေအပြင် စုစုပေါင်း ငွေကျပ်သိန်း ၁ ထောင်တန်ဖိုးရှိ ငွေသား ဆုလက်ဆောင် (Cashback) များစွာကို ရရှိနိုင်မယ်လို့ သိရပါတယ်။

ရင်ထဲကသီတင်းကျွတ် ပရိုမိုးရှင်းရဲ့ ကံထူးသူတွေကို နိုဝင်ဘာလအတွင်းမှာ Samsung Myanmar Facebook Page မှ တစ်ဆင့် Live လွှင့်ပြီး မဲနှိုက်ရွေးချယ်သွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *