MT News

Written by Peya

အာရှအားကစားပွဲတော် အမျိုးသားဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်ကို အကောင်းဆုံးတတိယနေရာကနေ မြန်မာ ယူ ၂၄ အသင်း တက်ရောက်သွားခဲ့ပြီး ဒီလိုတက်ရောက်နိုင်ခြင်းဟာ ၁၉၇၄ ပြိုင်ပွဲနောက်ပိုင်း ၁၆ သင်းအဆင့်ဆီကို ပထမဆုံး ပြန်လည် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Asia Games 2023 မှာ မြန်မာအသင်းဟာ အုပ်စုတွင်း ရမှတ်တူ အိန္ဒိယနဲ့ ဒီနေ့ယှဥ်ပြိုင်ကစားခဲ့ရာမှာ ပထမပိုင်း၂၃ မိနစ်မှာ ပေးခဲ့ရတဲ့ ပင်နယ်လ်တီဂိုးကြောင့် ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပေမဲ့ ဒုတိယပိုင်း ၇၄ မိနစ်မှာတော့ လူစားဝင်ကစားသမား ကျော်ထွေးက ချေပဂိုးသွင်းယူပေးခဲ့တာကြောင့် မြန်မာအသင်းဟာ အိန္ဒိယနဲ့ ရမှတ်တူ အကောင်းဆုံးအုပ်စုတတိယအဖြစ်နဲ့ ၁၆ သင်းအဆင့် တက်ရောက်သွားခဲ့တာပါ။

မြန်မာအသင်းဟာ တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့ပါဝင်တဲ့ အုပ်စု (က) မှာ ဘင်္ဂလားဒေ့ရှ် အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပြီး တရုတ်အသင်းကို လေးဂိုး ဂိုးမရှိနဲ့ ရှုံးပေမဲ့လည်း အိန္ဒိယကိုတော့ တစ်ဂိုးစီသရေရအောင် ကန်နိုင်ခဲ့တာပါ။

မြန်မာအသင်းဟာ အနှစ် ၄၉ နှစ်အတွင်း ပထမဆုံး ၁၆ သင်းအဆင့်တက်တာဖြစ်သလို အိန္ဒိယအသင်းအတွက်လည်း ၁၃ နှစ်အတွင်း ၁၆ သင်းအဆင့်ကို ပထမဆုံး ပြန်လည်တက်ရောက်နိုင်ခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *