MT News
Written by Nyein Kyaw
ဒေါ်လာဈေးနှင့် ကမ္ဘာ့ရွှေဈေးနှုန်းများ တည်ငြိမ်နေသောကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၃၅ သိန်းဝန်းကျင်မှာပင် ဆက် လက်ရှိနေပြီး ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၅၃၀,၀၀၀ ဖြစ်ပေါ်ခဲ့သည်။
ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၃,၄၄၀ သို့ကျဆင်းခဲ့ခြင်းနှင့် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စလျှင် ၁,၉၂၇ ဒေါ်လာတွင် တည်ငြိမ်နေခြင်းကြောင့် ကျပ် ၃၆ သိန်းကျော်ဖြစ်ပေါ်နေသည့် ပြည်တွင်းရွှေဈေးသည် ယခုတစ်ပတ် ဈေးနှုန်းစတင်ဖွင့်လှစ်သည့် စက်တင်ဘာ ၁၈ ရက်(တနင်္လာနေ့)တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၅၃၀,၀၀၀ ဖြစ်ပေါ်ခဲ့သည်။
ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၃,၄၀၀ နှင့် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁,၉၂၆ ဒေါ်လာဖြင့် ဆက်လက်တည်ငြိမ်နေမှုကြောင့် ယနေ့တွင် ပြည်တွင်းရွှေဈေးသည် ဈေးနှုန်းစတင်ဖွင့်လှစ်သည့် ဈေးနှုန်းအတိုင်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၅၃၀,၀၀၀ ဖြစ်ပေါ်ခဲ့သည်။
ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် စက်တင်ဘာလ ၁၈ ရက်တွင် ရွှေဈေးနှုန်း ၃,၅၃၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၄၀ ကျပ်၊ စက်တင်ဘာလ ၁၉ ရက်တွင် ရွှေဈေးနှုန်း ၃,၅၄၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၆၅ ကျပ်၊ စက်တင်ဘာလ ၂၀ ရက်တွင် ရွှေဈေးနှုန်း ၃,၅၅၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၃၀ ကျပ်၊ စက်တင်ဘာလ ၂၁ ရက်တွင် ရွှေဈေးနှုန်း ၃,၅၆၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၀၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။
