၂၁. ၈. ၂၀၂၃

Written by Min Mahar

 မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံးဝန်းအတွင်းကို ယနေ့မနက်ပိုင်းက အမည်မသိလူနှစ်ဦးက လက်ပစ်ဗုံးတစ်လုံးပစ်ပေါက်သွားသော ကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၂၁ ရက်) မနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၈ လမ်း၊ ၁၀၁(A)နှင့် ၁၀၁(B)ကြားရှိ တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံးဝန်းအတွင်း အသက်၂၅ နှစ်အရွယ်ရှိသော အမည်မသိ အမျိုးသား၂ ဦးက ရုပ်ဆိုးဆိုင်ကယ်(အနက်ရောင်)ဖြင့် ၆၈ လမ်းအတိုင်းမြောက်မှ တောင်သို့မောင်းနှင်လာပြီး အနောက်မှာထိုင်လိုက်လာသောသူကလက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သောကြောင့်  ရုံဝန်းအတွင်းရှိ မီးစက်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူ၊ ပစ္စည်းတစ်စုံ တစ်ရာထိခိုက်ပျက်စီးဆုံးရှုံးသွားမှု မရှိကြောင်း ၎င်းပေါက်ကွဲမှုဖြစ်ပွားသည့်ရုံးအတွင်းနေထိုင်သူတစ်ဦးကMT News သတင်းဌာနသို့ ပြောပြသည်။

This image has an empty alt attribute; its file name is IMG_3424.jpeg

ဖြစ်စဥ်နှင့်ပတ်သက်၍ လက်ပစ်ဗုံးပစ်ပေါက်သွားသူ ၂ ဦးအား အမြန်ဆုံးပြန်လည် ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ  အခင်းဖြစ်ပွားရာအနီးရှိ cctv မှတ်တမ်းများလိုက်လံကြည့်ရှု့ခဲ့ပြီး လမ်းများအားပိတ်ဆို့ကာ ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *