၂၁.၈.၂၀၂၃

Written By Thandar

“ထားလိုက်ပါ” တေးသီချင်း တစ်ပုဒ်ထဲနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့ တေးရေး တေးဆို Anoni Mus က သတင်းမီဒီယာတစ်ခုရဲ့ အင်တာဗျူးတစ်ခု ဖြေဆိုလိုက်တဲ့ စကားတွေကြောင့် ပရိသတ်တွေ အထင်အမြင်လွဲတာကို ခံရတာလည်းဖြစ်ပါတယ်။

သူ့ဟာ လက်ရှိဖြေကြားခဲ့တဲ့ စကားတွေကျွံသွားတဲ့အတွက် သင်ခန်းစာတွေလည်း ရနေပြီလို့ ပရိသတ် ကိုတောင်းပန်လာပါတယ်။

This image has an empty alt attribute; its file name is IMG_3431-1024x815.jpeg

“ကျွန်တော်မှားသွားတယ်၊  စကားတွေကျွံသွားတယ်၊ သင်ခန်းစာတွေလည်း ရပါပြီ။ ကျွန်တော်က တက် သစ်စအဆိုတော်လည်းဖြစ် လူငယ်လည်း ဖြစ်တာကြောင့် အနုပညာလောကအသိုင်းအဝိုင်းနဲ့ အခုမှ စပြီး ထိ တွေ့ ခွင့်ရတာမို့လို့ စကားပြောတာ အမှားတွေ ပါသွားပါတယ် ခင်ဗျ ၊ စကားအပြောအဆို မတတ်တာဖြစ်တဲ့အတွက်အားလုံးပဲ သည်းခံပေးကြပါ။ ကျွန်တော် ဝန်ခံပါတယ်။ ကျွန်တော် စကားအပြောအဆို မတတ်ပါဘူး။ ဒါပေမဲ့အားလုံး နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးကို အနူးအညွှတ်တောင်းပန်ပါတယ်။ ပရိသတ်ကြီးအားလုံးက အပြစ်မမြင်ပဲ ကျွန်တော့်ကို ခွင့်လွှတ်ပေးကြပြီး ဆက်လက်အားပေးသွားဖို့ တောင်းဆိုပါ တယ်ခင်ဗျ”လို့ တေးရေး တေးဆို Anoni Mus က ပရိသတ်တွေကို အတိအလင်းတောင်းပန်လာတာလည်း ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is IMG_3428-800x1024.jpeg

တေးရေး တေးဆို Anoni Mus က လှိုင်သာယာမှာ နေထိုင်ရတာ မလုံခြုံတဲ့အကြောင်း၊ YBS ကားတွေ မစီးရဲတော့တဲ့အကြောင်း စတာတွေကို စကားတွေ မထင်မှတ်ဘဲ  ဖြေဆိုတာလို့လည်း သိရပါတယ်။ ဒီစကားလုံးတွေအပေါ်ယခင်အားပေးနေကြတဲ့ ပရိသတ်တွေရဲ့ ရင်ထဲမကောင်းဖြစ်နေကြသလို ဝေဖန်မှုတွေ မြင့်တက်လာပြီး ကိုယ့်အမှားကို ဝန်ခံတတ်တဲ့အပေါ် သဘောကျသူတွေရှိသလို လက်မခံနိုင်သူတချို့ ရှိနေတာလည်းဖြစ်ပါတယ်။

သူရဲ့ “ထားလိုက်ပါ” တေးသီချင်းကို ဇာတ်ကားတစ်ခုရဲ့ ဇာတ်ဝင်တေးအဖြစ် ရောင်းထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *