MT News

Written by Nay Aung

ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း(Thai Airways International)သည် ဇူလိုင် ၁၆ ရက်တွင် ရန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် လေကြောင်းချိတ်ဆက်ပျံသန်းမှုများ စတင်လိုက်ကြောင်း သိရသည်။

အဆိုပါ ထိုင်းလေကြောင်းလိုင်းသည် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံအကြား လေကြောင်းခရီးသွားလာရေးတွင် ခရီးသည်ဝန်ဆောင်မှုများ တိုးမြှင့်နိုင်ရန် ရည်ရွယ်ပြီး Airbus A320 လေယာဉ်များဖြင့် ရန်ကုန်-ဘန်ကောက် လေကြောင်းခရီးစဉ်ကို စတင်လိုက်ခြင်းဖြစ်သည်။

အဆိုပါလေကြောင်းလိုင်းသည် ရန်ကုန်နှင့် ဘန်ကောက် လေကြောင်းခရီးစဉ်ကို တစ်ပတ် ၁၄ ကြိမ် ပျံသန်းပြေးဆွဲပေးမည်ဖြစ်သည်။ ဘန်ကောက် – ရန်ကုန် – ဘန် ကောက် ခရီးစဉ်ကို မနက်ပိုင်းတွင် ဒေသစံတော်ချိန်နံနက် ၉ နာရီ ၃၅ မိနစ်တွင်စတင် ထွက်ခွာပြီး ရန်ကုန်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ ရန်ကုန်မှ ၁၁ နာရီ ၂၅ မိနစ်တွင် ပြန်လည်ထွက်ခွာပြီး ဘန်ကောက်သို့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ညနေပိုင်းတွင်လည်း ဘန်ကောက်နှင့် ရန်ကုန်ကြား အသွားအပြန် လေကြောင်းခရီးစဉ်ပြေးဆွဲမှုများကို ညနေ ၅ နာရီမှ ည ၉နာရီအထိ ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းက သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်သို့ လေကြောင်းလိုင်း ၄ လိုင်းအသွားအပြန် ပြေးဆွဲနေပြီး၊ ခရီးသည် ၁၀၀၀ ခန့် အမြဲတမ်း အဝင်အထွက်ရှိနေကြောင်းသိရသည်။

Ref- thai the nation

Leave a Reply

Your email address will not be published. Required fields are marked *