MT News

Written by Nyein Kyaw

ကမ္ဘာ့ရွှေဈေးအနည်းငယ်ကျဆင်းမှုကြောင့် ပြည်တွင်းရွှေဈေး အနည်းငယ်ကျဆင်းခဲ့သော်လည်း ‌ဒေါ်လာဈေး ကျဆင်းမှုမရှိဘဲ ကျပ် ၃၁၀၀ အထက်၌ပင် ဆက်လက်ရှိနေသည်။

ကမ္ဘာ့ရွှေဈေးသည် ဇူလိုင် ၁၀ ရက်တွင် တစ်အောင်စကို ၁,၉၂၄ ဒေါ်လာမှ ဇူလိုင် ၁၄ ရက်တွင် တစ်အောင်စကို ၁,၉၅၆ ဒေါ်လာအထိ မြင့်တက်ခဲ့သော်လည်း ဇူလိုင် ၁၇ ရက်တွင် တစ်အောင်စကို ၁,၉၅၂ သို့ အနည်း ငယ်ကျဆင်းခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပြည်တွင်းရွှေဈေးသည် ဇူလိုင်လ ၁၄ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၂၆၅,၀၀၀ ရှိခဲ့ရာမှ ဇူလိုင် ၁၇ ရက်တွင် ကျပ် ၃,၂၄၈,၀၀၀ သို့ ကျဆင်းခဲ့ပြီး သုံးရက်အတွင်း ကျပ် ၁၇,၀၀၀ ပြန်လည်ကျဆင်းခဲ့သည်။

သို့သော်လည်း ပြင်ပငွေလဲလှယ်နှုန်းများသည် ဇူလိုင်လ ၁၄ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ကျပ် ၃,၁၄၀ ဖြင့် ပြောင်းလဲမှုမရှိဘဲ ဇူလိုင်လ ၁၇ ရက်တွင် တစ်ဒေါ်လာ ကျပ် ၃,၁၄၀ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။

ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဇူလိုင်လ ၁၁ ရက်တွင် ရွှေဈေးနှုန်း ၃,၂၁၀,၀၀၀ ကျပ်၊ ငွေလဲလှယ် နှုန်း တစ်ဒေါ်လာ ၃,၁၀၀ ကျပ်၊ ဇူလိုင်လ ၁၂ ရက်တွင် ရွှေဈေးနှုန်း ၃,၂၄၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၁၂၅ ကျပ်၊ ဇူလိုင်လ ၁၄ ရက်တွင် ရွှေဈေးနှုန်း ၃,၂၆၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၁၄၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *