၁၈. ၇. ၂၀၂၃

Written By Thandar

Family Drama ပုံစံ “မင်္ဂလာရှိတဲ့ အိမ်ကလေး” ဇာတ်လမ်းတွဲ Press Conference Show နဲ့ Fan Meeting ပွဲကို ဇူလိုင် ၁၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ လှည်းတန်းစင်တာ Promotion Area မှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်ကားလေးက ချစ်ခြင်းမေတ္တာကိုပုံဖော်ထားတာပါ။ အိမ်မှာ တစ်ယောက်နဲ့ တစ်ယောက်က နွေးထွေးမှုမရှိကြဘူး။အမေမရှိတော့ မိဘမေတ္တာ ကင်းမဲ့နေတယ်။ မောင်နှမတွေက သိပ်မတည့်ကြဘူး။ တစ်ယောက်က မဟုတ်တာလုပ်ပြီဆိုလည်း မြှောက်ပေးကြတယ်။ အဖေတစ်ယောက်ထဲနဲ့ မောင်နှမတွေဘယ်လိုထိန်းမလဲဆိုတဲ့ မေတ္တာဖွဲ့ကားလေးဖြစ်ပါတယ်”လို့ သရုပ်ဆောင်သူရိယက ပြောပါတယ်။

This image has an empty alt attribute; its file name is 347631716_240057412313117_4391648958089767615_n.jpg

ဒီအခမ်းအနားကို ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သူရိယ ၊ ညိမ်းသော် ၊ တေဇာလင်းရောင် ၊ ထွန်းပုလဲရတနာ ၊ သုန္ဒြေဦး ၊ ရွှေအင်ကြင်းတို့ တက်ရောက်ခဲ့ကြပါတယ်။ ဒါ့ပြင် Mahar Application ပြသခဲ့တဲ့ ဇာတ်ကားတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေနဲ့အတူ မေးဖြေ ဂိမ်းတွေဆော့ကစားခဲ့ကာ ထီး လက်ဆောင်တွေပေး အမှတ်တရ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

“ပုလဲကတော့ မြတ်သီရိဆိုတဲ့ ကောင်မလေး နေရာက သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ Family Drama ဇာတ်လမ်းလေးပါ။ သိပ်ချစ်တတ်တာကြောင့် အသည်းကွဲတဲ့ ကော်ဖီဆိုင်ပိုင်ရှင် သူဌေးသမီးလေးနေရာက သရုပ်ဆောင်ထားပါတယ်”လို့ သရုပ်ဆောင် ထွန်းပုလဲရတနာက ပြောပါတယ်။

This image has an empty alt attribute; its file name is 348321201_240057345646457_9101392892586860318_n.jpg

ဒီဇာတ်လမ်းတွဲကို ဇာတ်လမ်း ညမွှေးပန်း၊ ဇာတ်ညွှန်းကို ညမွှေးပန်းနဲ့ ငွေစင်သွန်းတို့ ရေးသားထားပြီး ဒါရိုက်တာ မောင်သော်တာက သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီကျော်ရဲအောင် ၊ သူရိယ ၊ ညိမ်းသော် ၊ တေဇာလင်းရောင် ၊ နော်ဖောအယ်ထား ၊ ထွန်းပုလဲရတနာ ၊ ရွှေအင်ကြင်းအပြင် ဧည်သည့်သရုပ်ဆောင် လှမျိုးသဥ္ဇာနွယ် စတဲ့ အနုပညာရှင်များစွာနဲ့ ရိုက်ကူးထားတာပါ။

လက်ရှိ အပိုင်း၃အထိ Mahar Application က ရုပ်သံထုတ်လွှင့်ထားတဲ့ “မင်္ဂလာရှိတဲ့ အိမ်ကလေး” ဇာတ်လမ်းတွဲဟာ အပိုင်း ၁၀ ပိုင်း ပါဝင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *