၁၇.၇.၂၀၂၃
Written By Thandar

သရုပ်ဆောင် လီလီကျော်ခိုင်ကတော့ လက်ရှိအချိန်မှာ သူမရဲ့ အိပ်မက်ထဲကို ထည့်မက်ရတဲ့ အမျိုးသား ပေါ်မလာသေးပါဘူးလို့ ရင်ဖွင့်လာပါတယ်။

“ကိုယ့်အနုပညာမောင်နှမတွေနဲ့ သွားလာနေတာတွေရှိတာပေါ့။ အနုပညာသမားတွေကတော့ ကိုယ့်မိသားစု မောင်နှမတွေလိုပါပဲ။ ခုချိန်မှာ လီလီ့အိပ်မက်ထဲကို ထည့်မက်ရမယ့် အမျိုးသားက ပေါ်မလာသေးပါဘူး” လို့ လီလီကျော်ခိုင်က ပြောပါတယ်။

သူမဟာ အနုပညာအလုပ်တွေအပြင် Lyfe Coffee House ဆိုင်ကိုလည်း ဇူလိုင် ၁၅ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား၊ ကမ္ဘောဇလမ်းမှာ ကိုယ်တိုင်စီးပွားရေးလုပ်ငန်းအဖြစ် တိုးချဲ့ဖွင့်လှစ်လိုက်တယ်လို့လည်း သိရပါတယ်။

“လီလီ့ရဲ့ ၂ နှစ်ဖွင့်ထားတဲ့ ဆိုင်လေးတွေကို စုဖွင့်ဖြစ်သွားတာပါ။ COVID မှာ အကုန်လုံး အနုပညာအလုပ်တွေ ရပ်သွားချိန်မှာ အရင်တုန်းက ဖန်တီးချင်တဲ့ အိပ်မက်လေးတွေး ပြန်စဥ်းစားမိတော့ ကော်ဖီဆိုင်လေး ဖွင့်ချင်တာရှိတယ်။ COVID ကြောင့် အိမ်တွင်းအောင်းရချိန်မှာ လုပ်ချင်ခဲ့တဲ့ အိပ်မက်တွေအကောင်အထည်ဖော်မယ်ဆိုပြီး ဖွင့်ဖြစ်ခဲ့တာ။ ပြီးတော့ ဒီဆိုင်လေးကို ရွှေတောင်ကြားထဲ ပြောင်းပြီးတည်းက ဖွင့်ပွဲမလုပ်ရသေးတဲ့အတွက် အခုလို Ma Sandara ရဲ့ Floral ဆိုင်ဖွင့်ပွဲလေးနဲ့အတူ လီလီ့ရဲ့ Louvre အင်္ကျီလေးလည်းရတဲ့ ဆိုင်ဖွင့်ပွဲလေး လုပ်ဖြစ်တာပါ။ လီလီ့ရဲ့ကော်ဖီဆိုင်က နတ်ဖွက်ထားတဲ့ Paradise လေးပါ။ ကိုယ်ကြိုက်တဲ့ကော်ဖီကို စိတ်တိုင်းမကျမချင်း သေချာလုပ်ထားတယ်။ လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်”လို့ သူမကဆက်ပြောပါတယ်။

သရုပ်ဆောင် လီလီကျော်ခိုင်ဟာ ရင်ခုန်သံ FM ဇာတ်လမ်းတွဲကို Channel K ရုပ်သံလိုင်းမှာ ထုတ်လွှင့်နေလျှက်ရှိပြီး လတ်တလောမှာ ဇာတ်လမ်းတွဲတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးနေလျှက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *