MT News

Written by Nay Moe

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်းကျေးရွာနေ ဝဲပကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာအား PDF ၁၀ ဦးခန့်က ဝင်ရောက်သတ်ဖြတ်သွားသည်ဟု သတင်းရရှိသည်။

ဖြစ်စဥ်မှာ အောက်တိုဘာ ၂၀ ရက် ည ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်းကျေးရွာနေ ဝဲပကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာဖြစ်သည့် ဦးနောင်နောင်စိုး(၄၀)နှစ် (ဘ)ဦးလှစိုးသည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် PDF ၁၀ ဦးခန့်က ၎င်း၏နေအိမ်အတွင်း ဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်ပြီးနောက် အကြမ်းဖက်သမားများသည် အဆိုပါကျေးရွာနေ ဦးစိုးထိုက် (၃၇)နှစ် (ဘ)ဦးစိုးမြင့်၏ နေအိမ်သို့ထပ်မံဝင်ရောက်ကာ ဦးစိုးထိုက်အား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ပြီး ပြန်လည်ထွက်ခွာသွားခဲ့သဖြင့် ဦးနောင်နောင်စိုးဖြင့် ဦးခေါင်းနှင့် ရင်ဘတ်၌ ကျည်ထိမှန်ဒဏ်ရာ ၂ ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဦးစိုးထိုက်တွင် ဝမ်းဗိုက်နှင့်ဝဲပေါင်တို့၌ ကျည်ထိမှန်ဒဏ်ရာ ၂ ချက်ရရှိခဲ့သဖြင့် ထားဝယ်ခရိုင်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်ဟုလည်း SAC က သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *