MT News

Written by Nay Aung

ထိုင်းနိုင်ငံအနေဖြင့် ကရင်ပြည်နယ်ရှိ ကာစီနိုလုပ်ငန်းများ အဓိကထားလုပ်ကိုင်နေသော ရွှေကုက္ကိုလ်စီမံကိန်းကို လျှပ်စစ်ဓာတ်အားပေးဝေမှုများဆိုင်းငံ့မည်ဆိုလျှင် ထိုင်းနိုင်ငံ တက်ခ်ခရိုင် မဲဆောက်မြို့နှင့် ချိတ်ဆက်ထားသော ထိုင်း-မြန်မာချစ်ကြည်ရေးတံတားများကို ပိတ်ပစ်မည်ဟု ကရင် The Karen Border Guard Force (BGF) က ခြိမ်းခြောက်ထားကြောင်းသိရသည်ဟု The Nation တွင် ဖော်ပြထားသည်။

နစက၏ တောင်းဆိုချက်များအရ ရွှေကုက္ကိုလ်ကို လျှပ်စစ်ဓါတ်အားပေးနေခြင်းများ ဖြတ်တောက်မည်ဆိုသောအကြောင်းကို တက်ခ်ခရိုင်ပြည်နယ်အုပ်ချုပ်ရေး Somchai Kitchareanrungroj ထံ ထိုင်းလျှပ်စစ်ဓာတ်အားပေး အာဏာပိုင်အဖွဲ့ (PEA)က အသိပေးထားသည်။ထိုင်းနိုင်ငံမဲဆောက်မြို့နှင့် နယ်စပ်ချင်းထိစပ်နေသော ရွှေကုက္ကိုလ်စီမံကိန်းကို တရုတ်စီးပွားရေးလုပ်ငန်းရှင်များက အဓိကထားလုပ်ကိုင်နေပြီး အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုများကျူးလွန်ခြင်း၊ လူကုန်ကူးမှုများနှင့် လောင်းကစားလုပ်ငန်းများ အဓိကထား လုပ်ကိုင်နေကြောင်း၊ အဆိုပါရွှေကုက္ကိုလ် စီမံကိန်းနယ်မြေသည် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ၏ထိန်းချုပ်မှုအောက်တွင်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးက အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုကျူးလွန်နေသူများ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများအပြင် နယ်စပ်ဖြတ်ကျော်ကာ ရာဇဝတ်မှုကျူးလွန်ခြင်းများကို ဖြိုခွင်းရန် တိုက်တွန်းတောင်းဆိုခဲ့ပြီးနောက် မြန်မာအစိုးရသည် ထိုင်း (PEA)နှင့်ချုပ်ဆိုထားသော ရွှေကုက္ကိုလ်စီမံကိန်းကို လျှပ်စစ်ဓာတ်အားပေးဝေနေသော စာချုပ်ကို ထပ်မံသက်တမ်းမတိုးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မဲဆောက်မြို့ ရဲတပ်ဖွဲ့ အကြီးအကဲတစ်ဦးဖြစ်သော ရဲမှူးကြီး Monsak Kaew-on က တက်ခ်ခရိုင် Mae Ramat ဒေသနှင့် မဲဆောက်ဒေသတို့မှ ရွှေကုက္ကိုလ်ကိုပေးဝေနေသောလျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရေးစာချုပ်သည် ဇွန်လ ၅ ရက်နေ့တွင် သက်တမ်းကုန်ဆုံးပြီဖြစ်ကြောင်း အတည်ပြုပြောဆိုထားသည်။

ရွှေကုက္ကိုလ်စီမံကိန်းတွင် ထိုင်းနိုင်ငံသားများအပြင် နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်လျက်ရှိနေကြောင်း၊ BGF သည် ရွေကုက္ကိုလ်ကို လျှပ်စစ်ဓာတ်အားပေးနေသော ထိုင်း (PEA) နေရာတွင် အစားထိုးရန် ပြင်ဆင်လျက်ရှိနေကြောင်း မဲဆောက်မြို့ ရဲမှူးကြီး Monsak Kaew-on က ထပ်မံပြောဆိုထားသည်။

မဲဆောက်မြို့ ရဲတပ်ဖွဲ့အကြီးအကဲက နောက်ထပ် နှစ်ရက် သို့မဟုတ် သုံးရက်တွင် ရွှေကုက္ကိုလ်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမှု ဆိုင်းငံ့ခြင်းများ စတင်လုပ်ဆောင်လာဖွယ်ရှိနေကြောင်း ပြောသည်။ ထိုင်းမဲဆောက်မြို့ရဲတပ်ဖွဲ့သည် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုများ ဖြတ်တောက်လိုက်ပြီးနောက် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများနှင့်ပတ်သက်ပြီး ဖြစ်လာနိုင်ဖွယ်ရှိသောအရာများအတွက် ကြိုတင်ပြင်ဆင်ထားကြောင်းပြောသည်။

Ref——- nationthailand

Leave a Reply

Your email address will not be published. Required fields are marked *

Related News