April 25, 2024

၆. ၆. ၂၀၂၃
Photo Naing Thuta

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ၏ အန္တိမဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနားကို ယနေ့ ဇွန် ၆ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပမည်ဖြစ်ပြီး ချမ်းမြသာစည်လေယာဥ်ကွင်းဟောင်းတွင် မီးပူဇော်မည်ဖြစ်သည်။

ထို့အတူ သရီရဓာတုပဝါဟနပူဇာ အရိုးဓာတ်ပြာတော်များ ရေမျှောပူဇော်သဘင်အခမ်းအနားအား ဇွန် ၇ ရက် နံနက် ၅ နာရီခွဲတွင်လည်းကောင်း ကျင်းပမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားနှစ်ခုစလုံးကို MRTV HD Channel, MRTV Farmers’ Channel, MRTV Parliament Channel, MWD HD Channel,MWD Variety HD Channel၊ မဟာဗောဓိရုပ်သံလိုင်းနှင့် Buddha Channel တို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဗန်းမော်ဆရာတော်ကြီးအား မန္တလေးမြို့အတွင်း နောက်ဆုံးလှည့်လည်အပူဇော်ခံရန်ပြင်ဆင်နေပြီး မကြာမီကာလတွင် အန္တိမဈာပန သာဓုကီဠနပူဇာသဘင်ကျင်းပမည့် လောင်တိုက်တော်ရှိရာဆီ ပင့်ဆောင်လာတော့မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *