MT News

Written By Thandar

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင် ရုပ်ရှင်အနုပညာရှင်တွေရဲ့ သားသမီးတွေအတွက် ပြေတီဦးပညာရေးဖောင်ဒေးရှင်းက ဗလာစာအုပ်ဒါဇင်၂၀၀ ကို ဒီနေ့ ဇွန် ၅ရက်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ လှူဒါန်းခဲ့ပါတယ်။

“အစည်းအရုံးအနေနဲ့ အခုလိုမျိုး ကိုယ့်လောကသားတွေရဲ့ ကလေးတွေကို ပညာသင်ထောက်ပံ့တာကိုတော့ နှစ်စဉ်ဆောင်ရွက်ပေးပါတယ်။ အခုဆိုလည်း ကလေးတွေအတွက် အလှူရှင်တွေကလည်း ငွေသားနဲ့ ကျောင်းသုံးပစ္စည်းတွေကို ပါဝင်လှူဒါန်းပေးကြတယ်။ ဒီနေ့ဆိုလည်း ပြေတီဦးပညာရေးဖောင်ဒေးရှင်းက ဗလာစာအုပ် ဒါဇင် ၂၀၀ ကို ပါဝင်လှူဒါန်းပေးခဲ့ပါတယ်။ အခုလိုမျိုးပါဝင် လှူဒါန်းကြတဲ့သူတွေများရင်တော့ ကလေးတွေလည်း ပစ္စည်းစုံစုံလင်လင်ရတာပေါ့။ကျွန်တော်တို့ဘက်ကလည်း ကလေးတွေအတွက် သေချာ ထောက်ပံ့ပေးမှာပါ။ အားလုံးလည်း ပါဝင်လှူဒါန်းကြပါဦး”လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဒုတိယဥက္ကဋ္ဌ (၁) ဦးအေးကြူလေးက MT News ကို ပြောပါတယ်။

အစည်းအရုံးဝင်တွေအနေနဲ့ မိမိရဲ့ သားသမီးတွေအတွက် ထောက်ပံ့ကြေးငွေရယူဖို့ သန်းခေါင် စာရင်း (မိတ္တူ)၊ အစည်းအရုံးဝင်ကတ်မိတ္တူ၊ ကျောင်း ထောက်ခံချက်မူရင်း သို့မဟုတ် ကျောင်းအပ်နှံထားတဲ့ ပြေစာ(မိတ္တူ) စတာတွေကို ပြသပြီး ထောက်ပံ့ကြေးအတွက် လာရောက်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *