MT News

Written by Thettant

ပြင်ဦးလွင်မြို့တွင် ထရန်စဖော်မာအထွက်ကြိုးများ ဆက်တိုက် ဖြတ်ခိုးခံနေရပြီး တစ်ပတ်အတွင်း ထရန်စဖော်မာငါးခုမှ အထွက်ကြိုးများ ဖြတ်ခိုးခံထားရကြောင်း ပြင်ဦးလွင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

ဖြစ်စဥ်များမှာ မေလ ၂၈ ရက် နံနက် ၁၀ နာရီခန့်တွင် ရပ်ကွက်နေပြည်သူများမှာ မီးမလာ၍ အကြောင်းကြားသဖြင့် ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ ၊ 33/11 kW 10MVA ငါးရံ့ချောင်းခွဲရုံ၊ 11kV ဆင်ဖြူအင်း ဖီဒါ MESC ဌာနပိုင် 11/0.4kV 200kVA ရဲစခန်း(၂)ထရန်စဖော်မာအထွက် P ကြီး 1C 185 mm Copper Cable ( ၁၅ပေ ၃ကြိုး)အား သွားရောက်စစ်ဆေးရာတွင် ထို ကြိုးသုံးကြိုးစလုံးကို ဖြတ်ခိုးခံရကြောင်း တွေ့ရှိရသည်။

ထို့ပြင် ဇွန်လ ၂ ရက်တွင် ပြင်ဦးလွင်မြို့၊ 33/11 KV, 10MVA ပဒေသာခွဲရုံ၊ 11 kV ရတနာမာန်အောင် ဖီဒါ MESC ဌာနပိုင် 11/0.4kV 160kVA ရွှေစည်းခုံတောရထောင့်ထရန်စဖော်မာအထွက်ကြိုး IC-150 mm² Copper Cable R.Y..N (၁၅ပေ၄ကြိုး)၊ 33/11 kV, 20MVA မြို့မခွဲရုံ၊ 11kV GE ဖီဒါ MESC ဌာနပိုင် 11/0.4kV 100kVA ချယ်ရီမြိုင်ထရန်စဖော်မာအထွက် ကြိုး 1C-95 mm² Copper Cable R.Y.B.N (၁၅ပေ-၄ကြိုး) နှင့် 33/11 kV, 10MVA ပဒေသာခွဲရုံ ၊ 11kV ရတနာမာန်အောင် ဖီဒါ MESC ဌာနပိုင် 11/0.4kV 315kVA တရုတ်သင်္ချိုင်းထရန်စဖော်မာအထွက် ကြိုး 1C-120 mm² Copper Cable R.Y.B.N (၁၅ပေ၄ကြိုး)တို့ ဖြတ်ခိုးခံခဲ့ရသည်။

အလားတူ ဇွန်လ ၃ ရက်တွင်လည်း 33/11 KV, 10MVA ငါးရံ့ချောင်းခွဲရုံ ၊ 11kV ဆင်ဖြူအင်းဖီဒါ MESC ဌာနပိုင် 11/0.4kV 200kVA မိုးညိုထရန်စဖော်မာအထွက် ကြိုး 1×120 mm² Copper Cable R.Y.B.N (၁၃ပေ×၄ကြိုး) အား ဖြတ်ခိုးခံရကြောင်း သိရသည်။

အဆိုပါ ဖြတ်ခိုးသူများအား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းနှင့် ယခုရက်ပိုင်းများတွင် ထိုသို့ လျှပ်စစ်မီးကြိုးများဖြတ်ခိုးခံရမှုများပြားလာသဖြင့် မီးကြိုးဖြတ်ခိုးသူများ တွေ့ရှိပါက သတင်းပို့ကြပါရန်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *