March 28, 2024

မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ရယူပေးခဲ့သော မထက်ထက်အေး (ဝှီးချဲပေါ်ထိုင်နေသူ)ကို မြန်မာ့အလံဖြင့် ဂုဏ်ပြုမှတ်တမ်းတင်စဥ်မြင်ကွင်း။

MT News

၅. ၆. ၂၀၂၃

၂၀၂၃ ခုနှစ်၊ ဇွန် (၃) ရက်နေ့မှ (၉) ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်နှစ်ဆုကို အမျိုးသမီးနှစ်ဦးက ရယူပေးခဲ့သည်ဟု သိရသည်။

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို ပြေးခုန်ပစ်အားကစားနည်းမှ (အမျိုးသမီး)သံလုံးပစ် F55 ပြိုင်ပွဲအမျိုးအစားတွင် မထက်ထက်အေးမှ ဆွတ်ခူးပေးနိုင်ခဲ့သလို မြန်မာနိုင်ငံအတွက် ဒုတိယ​ရွှေတံဆိပ်ဆုကိုလည်း ပြေးခုန်ပစ်အားကစားနည်းမှ (အမျိုးသမီး) သံလုံးပစ် F64 ပြိုင်ပွဲအမျိုးအစားတွင် မစိန်ဖောမှ ဆွတ်ခူးပေးနိုင်ခဲ့သည်။

၁၂ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့မှ ပထမဆုံး ငွေတံဆိပ်ဆုကို ရေကူးအားကစားနည်းမှ အမျိုးသား မီတာ(၄၀၀) (Free Style) ပြိုင်ပွဲတွင် အောင်မြင့်မြတ်မှ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး ထို့နောက်တွင် ပြေးခုန်ပစ်အားကစားနည်းမှ (အမျိုးသမီး)အလျားခုန် T64 ပြိုင်ပွဲ၌ ဒုတိယ(ငွေတံဆိပ်)ဆုကို မလော်လာဝင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ (အမျိုးသမီး)အလျားခုန် T44 ပြိုင်ပွဲတွင် ဒုတိယ(ငွေတံဆိပ်)ဆုကို မဝေဝေသင်း၊ ရေကူးအားကစားနည်းမှ (အမျိုးသား) မီတာ(၁၀၀) Breaststroke ပြိုင်ပွဲတွင် ဒုတိယ(ငွေတံဆိပ်) ဆုကို မောင်မင်းထူးနှင့် ပြေးခုန်ပစ်အားကစားနည်းမှ (အမျိုးသား)လက်ဆင့်ကမ်း မီတာ(၄x၁၀၀) T42-47 ပြိုင်ပွဲတွင် တတိယ(ကြေးတံဆိပ်)ဆုကို မောင်စိုးပေ၊ မောင်အောင်မြင့်ဌေး၊ မောင်သူရဇော်၊ မောင်အောင်မြင့်မြတ်တို့က ရယူပေးထားသည်ဟု သိရသည်။

အဆိုပါ (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံက အားကစားနည်း(၁၄)နည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး မြန်မာအားကစားအဖွဲ့မှ အားကစားနည်း (၈)နည်း ပြိုင်ပွဲဝင် ၈၂ ဦးဖြင့် ပါဝင်ယှဉ်ပြိုင်နေကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *