April 29, 2024

MT News

Written By Thandar

ငယ်စဉ်မှာရှိခဲ့တဲ့ နာကျည်းချက်တွေ အမုန်းတွေကြောင့် ရရှိခဲ့တဲ့ဒဏ်ရာတွေကို အကွက်လှလှနဲ့ ပြန်ပြီး လက်စားချေသွားမယ့် “အမုန်း” ဇာတ်လမ်းတွဲ Press Conference Show ကို ဇွန်လ ၃ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte Hotel မှာ ကျင်းပခဲ့ပါတယ်။

“ဒီကားမှာ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ အများကြီးပါပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရခက်ပါတယ်။ ပြောလိုက်ရင် ဇာတ်ပေါ်သွားမယ်လေ။ ပရိသတ်ကို စောင့်ကြည့်ပါလို့ပဲ ပြောချင်ပါတယ်။ ကျွန်တော် ရိုက်ပြီးသားကားတွေထက်ပို ကြိုးစားထားပါတယ်။ အစစအရာရာ အရင်ကထက် ပိုဂရုစိုက်ထားတယ်။ အမှန်အတိုင်းဝန်ခံရရင် အလုပ်မလုပ်ရတာ ကြာပြီ။ ဒီ့အတွက် အရမ်းအလုပ်လုပ်ချင်တယ်။ကျွန်တော် ငယ်ငယ်ထဲက ဝါသနာပါလို့ ဒီလမ်းကိုရွေးခဲ့တာလေ။ ကျွန်တော့်မှာ အင်တွေအားတွေရှိတယ်။ အရင်ကထက် ပိုစနစ်ကျအောင် တည်ဆောက်ပြီး ပြင်ဆင်ခဲ့တယ်။ကျွန်တော်ပြောရဲတယ်။ အရင်ကားတွေထက်အများကြီး ပိုကောင်းပါတယ်”လို့ ဒါရိုက်တာ ဝိုင်းက ပြောပါတယ်။

ဒီဇာတ်လမ်းတွဲက စာရေးဆရာ အညိုရဲ့ နာမည်ကျော်ဝတ္ထုကောင်းတစ်ပုဒ်ကို ဇာတ်ညွှန်း မြလွှမ်းမိုးဆွေ ရေးသားထားတာလည်းဖြစ်ပါတယ်။ သရုပ်ဆောင်တွေဖြစ်တဲ့ ချမ်းမင်းရဲထွဋ်၊ မိုးဟေကို ၊ ခင်ဝင့်ဝါ ၊ မင်းဦး ၊ ညီနန္ဒ ၊ ခင်ဇာခြည်ကျော် ၊ မိုးပွင့်ဖြူ ၊ ချိုမဒီသွင် ၊ သုန္ဒြေဦး ၊ နော်အဲလစ် ၊ ဖိုးသဲ စတဲ့အနုပညာရှင်တွေ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

Bo Bo Film Production ထုတ်လုပ်တဲ့ ဒီဇာတ်လမ်းတွဲမှာ အပိုင်း ၂၇ ပိုင်းပါဝင်ပြီး ရန်ကုန်မြို့နဲ့ သန်လျင်မြို့နယ်ဘက်မှာ ဒါရိုက်တာဝိုင်းက အကောင်းဆုံး ပုံဖော် ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ “အမုန်း” ဇာတ်လမ်းတွဲကို ဒီနေ့ ဇွန်လ ၃ ရက်နေ့က စတင်ပြသနေပြီး အပိုင်း ၁ ကို Mahar Application မှာ အခမဲ့ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

“ဒီကားရဲ့ ဇာတ်အိမ်ကလည်း တော်တော်ကြီးပါတယ်။ နည်းနည်းလေး Horror အစိတ်အပိုင်း ထည့်ထားပါတယ်။ ဘတ်ဂျက်တွေအများကြီး အကုန်ကျခံရိုက်ကူးထားတဲ့ကားပါ။ ပရိသတ်တွေလည်း Horror ဆိုတဲ့အတိုင်း သဘောကျမှာပါ။ ရှင်းရှင်းပြောရရင် အဲ့ဒီတုန်းက နယ်ဘက်မှာ ရိုက်လို့ ရိုက်ကွင်းပြီးလို့ အိမ်ပြန်ချိန် ည ၉ နာရီကျော်ရင် ရင်ခုန်နေရတယ်လေ။ တစ်ညကို ၂ခန်း ၃ ခန်းပဲရိုက်နိုင်ခဲ့တာပါ။ကျွန်တော် စိတ်တိုင်းကျ အိုက်တင်ပိုင်းကို ကြိုးစားပေးကြတယ်။ ကျွန်တော့်စည်းကမ်းအတိုင်းလုပ်ခဲ့တယ်။ အဲဒီအပြင် ကားထွက်ခါနီး အားတက်သရောပါဝင်တဲ့ သရုပ်ဆောင်အဖွဲ့သား အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ် ”လို့ သူ့ကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *