April 29, 2024

ဓာတ်ပုံ - မေတ္တာရောင်ခြည် ဖောင်ဒေးရှင်း အရေးပေါ်လူမှုကူညီရေးနှင့် သွေးလှူရှင်များအသင်း

MT News

Written by Thettant

မိမိကိုယ်ကိုယ်မိမိ သ-တ်​သေသည်ဟု ယူဆရသည့် စစ်တွေမြို့ အစိုးရနည်းပညာ အထက်တန်းကျောင်းမှကျောင်းအုပ်ကြီး၏ ရုပ်အလောင်းအား စစ်တွေကမ်းခြေဘာဆာရာရွာအနီးတွင် ပြန်ရှာတွေ့ခဲ့သည်ဟု ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းနှင့် အရေးပေါ်သွေးလှူရှင်များအသင်းမှ သိရသည်။

ဇွန်လ ၂ ရက်နေ့ မွန်းလွဲပိုင်းက စစ်တွေကမ်းနားလမ်းရှိ မြစ်ပြင်သို့ တစ်ဦးတည်း ဆင်းသွားပြီးနောက် ပျောက်ဆုံးနေခြင်းဟု သိရှိရပြီး ပျောက်ဆုံးသွားသူမှာ စစ်တွေမြို့၊ ဝန်ကြီးများအိမ်ရာအနီးရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးသိန်းနိုင်(၄၅)နှစ်ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“အနီးအနားက သူ့ကို မြင်လိုက်သူတွေ ပြောပြပုံအရဆိုရင် ကမ်းနားလမ်းက တြိဂံလမ်းဆုံ စစ်တွေဖောင်တော်ဟောင်းကြားက ကျောက်တန်းတွေဘက်ကို တစ်ဦးတည်း ဆင်းသွားတာ။ သူပါလာတဲ့ ပစ္စည်းတွေလည်း ကမ်းနားမှာ ချထားခဲ့တယ်။ သူက ပျောက်နေတော့ ဒါရေထဲ ဆင်းသွားလား။ တခြားတစ်နေရာရာလားတော့ မသိဘူးပေါ့။ ကျွန်တော်တို့ကတော့ ပစ္စည်းတွေ ကမ်းစပ်မှာ တွေ့တယ်။ မြင်လိုက်သူလည်း ရှိတယ်ဆိုတော့ ရေထဲ ဆင်းတယ်ယူဆပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေတယ်။ မြစ်ထဲဆင်းရင်တော့ မနေ့ကဆိုရင် ဒီနေ့ ၂ နာရီ ၃ နာရီလောက်တော့ ပြန်တွေ့ရမှာပဲလို့ ယူဆတာပေါ့။ လူတစ်ယောက် ပျောက်တာ သေချာတော့ ပြောမရဘူးပေါ့။ ရှာတော့ရှာနေကြတယ်။ မိသားစုလည်း အဆက်အသွယ်ရပြီ”ဟု မေတ္တာရောင်ခြည်ပရဟိတအသင်း တာဝန်ရှိသူက MT News ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားထားသည်။

ထို့ကြောင့် မိမိကိုယ်ကိုယ်သ-တ်​သေဖွယ်ရှိသည်ဟု ယူဆမှုကြောင့် ဒေသခံပြည်သူများနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းနှင့် အရေးပေါ်သွေးလှူရှင်များအသင်းတို့မှ ရှာဖွေခဲ့ရာ ဇွန်လ ၃ ရက် ည ၇ နာရီခန့်တွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

“တစ်ရက်ကြာပျောက်ဆုံးနေသော အစိုးရနည်းပညာ အထက်တန်းကျောင်း(စစ်တွေ) ကျောင်းအုပ်ဆရာကြီး ဦးသိန်းနိုင် (၄၅ နှစ်) ရုပ်လောင်းအား စစ်တွေကမ်းခြေ ဘာဆာရာ ရွာအနီးတွင် ရှာဖွေ တွေ့ရှိခဲ့ပါသည်”ဟု မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း အရေးပေါ်လူမှုကူညီရေးနှင့် သွေးလှူရှင်များအသင်းက အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *