April 24, 2024

၅. ၆. ၂၀၂၃
Written by Nay Moe

မုံရွာမြို့ပြ ပြောက်ကျားတပ်ဖွဲ့များ၏ ခေါင်းဆောင် ဗိုလ်ဒဿစစ်ကူပေးရန်လာစဉ် လခရစစ်ကြောင်းနှင့်တိုးမိပြီး ပစ်ခတ်ခံရ၍ ဦးခေါင်းကျည်ထိ သေဆုံးခဲ့သည်။

“အလောင်းပြန်ရတယ်။ မနေ့က ချက်ခြင်းသင်္ဂြိုဟ်လိုက်တယ်။ ကျည်ထိတာက ပေါင်တစ်ချက်၊ ခေါင်းတစ်ချက်”ဟု ဒေသတွင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဖြစ်စဉ်မှာ မုံရွာ UG တပ်ပေါင်းစုအဖွဲ့ခေါင်းဆောင် ဗိုလ်ဒဿသည် ဇွန်လ ၃ ရက် နေ့လည် ၂ နာရီခန့်က နဂါးတွင်းရွာဘက်တွင်ဖြစ်ပွားနေသော တိုက်ပွဲအချို့အတွက် စစ်ကူပေးရန် တစ်ဦးတည်းလက်နက်များဖြင့် ထွက်လာစဉ် နဂါးတွင်းရွာအနီးတွင် ကျည်နှစ်ချက်ထိမှန်ကာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဗိုလ်ဒဿထံမှ ယူနီဖောင်းများ၊ သေနတ်နှင့် ကျည်များ သိမ်းယူခဲ့သော်လည်း အလောင်းချန်ခဲ့သောကြောင့် “ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့” အဖွဲ့ဝင်များက အလောင်းကောက်ကာ ဇွန်လ ၄ ရက် နံနက် ၈ နာရီခွဲတွင် အားချင်းမိုးကာဖြင့်ပတ်ကာ မြေမြှုပ် သင်္ဂြိုလ်လိုက်ရသည်ဟု သိရသည်။

“အခွင့်အရေးပေးချိန်မှာ ပြန်ပြီး အုတ်ဂူတည်ပေးဖို့ ဆုံးဖြတ်ထားတယ်” ဟု မုံရွာ PDF တစ်ဦးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News