April 28, 2024

MT News

Written by Pan Ei

သတင်းစာ၊ ဂျာနယ်နဲ့ ဒီဂျစ်တယ်ပလက်ဖောင်းမှာ သတင်းတွေ ဖြန့်ဝေတဲ့ ဗြိတိန်နိုင်ငံက Mirror Group Newspapers ကို ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနဲ့ အခြားသော နာမည်ကြီး ပုဂ္ဂိုလ် ၁၀၀ ကျော်က တရားမ၀င် သတင်းရယူမှုတွေပြုလုပ်ကြောင်း တရားစွဲဆိုထားတာမို့လို့ မင်းသား ဟယ်ရီဟာ လာမယ့်သီတင်းပတ်မှာ ပြုလုပ်မယ့် တရားခွင်မှာ သက်သေထွက်ဆိုရမယ့်လူတွေထဲ တစ်ယောက်အပါအဝင်​ဖြစ်ခဲ့ပြီး နှစ်ပေါင်း ၁၃၀ အတွင်း တရားရုံးမှာ သက်သေထွက်ဆိုရတဲ့ ပထမဆုံးအကြီးတန်း ဗြိတိသျှတော်ဝင်မိသားစုဝင် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

အဆိုပါ တရားရင်ဆိုင်မှုရဲ့ ရုံးချိန်းတွေဟာ ပြီးခဲ့တဲ့လက စတင်ခဲ့တာဖြစ်ပြီး MGN ဟာ မင်းသားဟယ်ရီနဲ့ အခြားတရားစွဲဆိုသူတွေရဲ့ ဖုန်းပြောတာကို ခိုးယူနားထောင်ကာ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို တရားမဝင်ရယူခဲ့ပြီး အခြား ဥပဒေမဲ့လုပ်ရပ်တွေကိုလည်း ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရကာ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။

သတ္တမမြောက် ဗြိတိန်ဘုရင် အက်ဒဝပ်ဟာ ဘုရင် မဖြစ်လာမီ ၁၈၇၀ တုန်းက ကွာရှင်းတာနဲ့ ၁၈၉၁ ခုနှစ်က ကတ်ဂိမ်းတစ်ခုနဲ့ ပတ်သက်ပြီး အသေရေဖျက်ခံရတာတွေကြောင့် တရားခွင်မှာ သက်သေထွက်ဆိုတာတွေပြုလုပ်ခဲ့ရပြီး အခုမင်းသားဟယ်ရီက နှစ်ပေါင်း ၁၃၀ အတွင်း တရားရုံးမှာ သက်သေထွက်ဆိုရမယ့် အကြီးတန်းတော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်လာခဲ့တာပါ။

လန်ဒန်တရားရုံးချုပ်မှာပြုလုပ်မယ့် တရားခွင်မှာ သက်သေထွက်ဆိုဖို့ ၄ ဦးထဲမှာ ချားလ်စ်ဘုရင်ရဲ့သားငယ် ဟယ်ရီက တစ်ဦးအပါအဝင်ဖြစ်ပြီး အဆိုပါတရားခွင်ဟာ တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့ မေလ ၆ ရက်က တတိယမြောက် ချားလ်စ်ဘုရင်ရဲ့ နန်းတက်ပွဲကိုတက်ရောက်ခဲ့တဲ့ မင်းသားဟယ်ရီအနေနဲ့ လာမယ့်အပတ်မှာ တရားရုံးချုပ်ရုံးတင်စစ်ဆေးခြင်းအတွက် လန်ဒန်ကို တစ်လအကြာမှာ ထပ်မံလာရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *