March 28, 2024

MT News

Written by Ye Kyaw

ယူအေအီးနိုင်ငံက မြန်မာ့မန်ကျည်းသီး တန်ချိန် ၅၀၀ ကို လစဥ်တင်သွင်းလိုကြောင်း ဆက်သွယ်လာသဖြင့် ယူအေအီးနိုင်ငံသို့ မန်ကျည်းသီး တင်ပို့လိုသည့် ပြည်တွင်းလုပ်ငန်းရှင်များ ဆက်သွယ်နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာထားသည်။

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ရှိ Hermab Group ကုမ္ပဏီသည် မြန်မာနိုင်ငံမှ မန်ကျည်းသီးအစို (Fresh Tamarind) တန် ၅၀၀ ကို လစဥ်တင်သွင်းလိုသဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်မည့် ကုမ္ပဏီအမည်စာရင်း၊ လိပ်စာ၊ တယ်လီဖုန်းအမှတ်၊ အီးမေးလ်လိပ်စာတို့ကို တောင်းခံထားကြောင်း ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ ယူအေအီးနိုင်ငံသို့ မန်ကျည်းသီး မန်ကျည်းသီးအစို (Fresh Tamarind) တင်ပို့လိုသည့် ကုမ္ပဏီများ၏ အချက်အလက်များအား (မြန်မာ/အင်္ဂလိပ်) နှစ်ဘာသာဖြင့်ပြုစု၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသို့ ပေးပို့ရန် အသိပေးကြေညာထားသည်။

လက်ရှိတွင် မန်ကျည်းသီးပွင့်ကပ် (သစ်) တစ်ပိဿာ ကျပ် ၁,၄၀၀ မှ ကျပ် ၁,၅၀၀ ကြားနှင့် မန်ကျည်းသီးအသား (သစ်) တစ်ပိဿာ ကျပ် ၂,၂၀၀ မှ ကျပ် ၂,၅၀၀ ကြားရှိကြောင်း ဘုရင်နောင်ကုန်စည်ဒိုင်မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *