April 25, 2024

MT News

Written by Nyein Kyaw

ကမ္ဘာ့ရွှေဈေး ပြန်လည်မြင့်တက်၍ ပြည်တွင်း‌ရွှေဈေးနှုန်း အနည်းငယ်မြင့်တက်ကာ ဇွန်လ ၂ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၀၆၈,၀၀၀ ရှိပြီး ငါးရက်အတွင်း ကျပ်တစ်သောင်း မြင့်တက်ခဲ့သည်။

ကမ္ဘာ့ရွှေဈေးသည် မေလ ၂၉ ရက် (တနင်္လာနေ့)တွင် တစ်အောင်စကို ၁,၉၆၄ ဒေါ်လာသာ ရှိခဲ့ရာမှ ဇွန်လ ၂ ရက်တွင် တစ်အောင်စကို ဒေါ်လာ ၁၉၈၀ အထိ မြင့်တက်ခဲ့သဖြင့် ငါးရက်အတွင်း တစ်အောင်စကို ၃၄ ဒေါ်လာ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းရွှေဈေးနှုန်းသည်လည်း မေလ ၂၉ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၀၅၈,၀၀၀ ရှိခဲ့ရာမှ ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ဇွန်လ ၂ ရက်တွင် ကျပ် ၃,၀၆၈,၀၀၀ ဖြစ်ပေါ်ခဲ့သဖြင့် ငါးရက်အတွင်း ကျပ်တစ်သောင်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်တွင် ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၀၈၇,၀၀၀ အထိ မြင့်တက်ခဲ့မှုများရှိခဲ့ပြီး လက်ရှိတွင်မူ ဒေါ်လာဈေးငြိမ်နေသော်လည်း ကမ္ဘာ့ရွှေဈေး ပြန်လည်မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေး ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် မေလ ၂၉ ရက်တွင် ရွှေဈေးနှုန်း ၃,၀၅၈,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၃၅ ကျပ်၊ မေလ ၃၀ ရက်တွင် ရွှေဈေးနှုန်း ၃,၀၄၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၁၅၊ မေလ ၃၁ ရက်တွင် ရွှေဈေးနှုန်း ၃,၀၅၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၁၀ ကျပ်၊ ဇွန်လ ၁ ရက်တွင် ရွှေဈေးနှုန်း ၃,၀၅၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၁၅ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News