MT News

Written By Thandar

အိမ်ထောင်ကျထားပေမယ့် ပရိသတ်ချစ်ခင်မှုကိုရထားတဲ့ သရုပ်ဆောင် ခေးဆက်သွင်ကဟာ ရင်သွေးလေးယူဖို့ အစီအစဥ်ရှိသလို ကလေးရပြီးလို့ ဝတုတ်ကြီးဖြစ်သွားရင်၊ ပုံပျက် ပန်းပျက် ဖြစ်သွားခဲ့ရင် အနုပညာအလုပ်ကို ဆက်မလုပ်နိုင်လောက်ဘူး ထင်တယ်လို့ ပြောလာပါတယ်။

“ခေးက ရင်သွေးလေးယူဖို့ အစီအစဥ်ရှိပါတယ်။ ရတာ မရတာကတော့ ကံပေါ့နော်။ ကလေးကို ဒီခေတ်မှာ စားဝတ်နေရေးအရရော သူ့ကို ကိုယ့်ထက်ပိုပြီးကောင်းမွန်အောင် ထားချင်တယ်။ မိဘတစ်ယောက်ရဲ့ လောဘဆိုတာ တက်လာမယ်။ လောလောဆယ်တော့ ကလေးတစ်ယောက်ပဲ ယူမယ်လို့ သတ်မှတ်ထားတယ်။ ခေးက ကလေးချစ်တတ်တယ်။ ခေး တကယ်လို့ ကလေး ယူပြီးသွားမှ ဝတုတ်ကြီးဖြစ်သွားတာတို့ ပုံပျက်ပန်းပျက် ဖြစ်သွားတာတို့ ဖြစ်ခဲ့ရင် အနုပညာမလုပ်နိုင်လောက်ဘူးထင်တယ်။ ကလေးအပေါ်မှာ သံယောဇဉ်တွယ်ပြီး မခွဲနိုင် မခွာရက်ဖြစ်သွားခဲ့ရင် အနုပညာကို ဆက်မလုပ်ဖြစ်လောက်တော့ဘူး။ ဒါပေမယ့် မသေချာပါဘူး”လို့ သရုပ်ဆောင် ခေးဆက်သွင်က ပြောပါတယ်။

သူမဟာ လက်ရှိ ခင်ပွန်းဖြစ်သူရဲ့ စီးပွားရေးအလုပ်နဲ့ပတ်သက်ပြီး Promo ကြော်ငြာလေးတွေ ရိုက်ကူးဖြစ်နေပြီး အနုပညာနဲ့ပတ်သက်ရင် စိစစ်ရိုက်ကူးနေလျှက်ရှိတယ်လို့ သိရပါတယ်။ ပရိသတ်မြင်တွေ့ကျမဟုတ်တဲ့ ဇာတ်လမ်း ဇာတ်အိမ်တွေနဲ့ ရိုက်ကူးမယ့် ရွှေလုလင် (လူ‌ခြောက်) ရုပ်ရှင်ဇာတ်ကားမှာလည်း ခေးဆက်သွင်က ပါဝင် သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

“ပရိသတ်က ခေးကို တစ်ခါမှ မမြင်ဘူးတဲ့ သားလူခြောက်ရှိတဲ့ မေမေ တစ်ယောက်အနေနဲ့ ခေးကို မြင်ရမှာပါ။ လူခြောက်ဆိုတဲ့အတိုင်း သူကို ဘယ်လိုပျိုးထောင်ပေးရမလဲ။ ဘာတွေလိုအပ်မလဲဆိုတာကို သေချာ ဇာတ်လမ်းဆင်ရိုက်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားမှာ မြင်ရမှာပါ။ ခေးလည်း ရုပ်ရှင်ကားကြီး အများကြီး မရိုက်ဖူးဘူး။ လက်ချိုးရေတွက်ရသလောက်ပဲ ရိုက်ဖူးတယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *