၁၈-၁၀- ၂၀၂၂

Written by Thettant

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ဖောက်ဖျက်သည့် Thomas Khanno Co., Ltd ၏ Money Changer License အား ဖျက်သိမ်းကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၁၇-၂-၂၀၁၆ ရက်တွင် ခွင့်ပြုထုတ်ပေးထားသော Money Changer License အမှတ် စီဘီအမ်-အက်ဖ်အီးအမ်ဒီ- ၂၉၆/၂၀၁၆ ရရှိထားသည့် Thomas Khanno Co., Ltd သည် Money Changer လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ခြင်းမရှိပါသဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၂ ကို ဖောက်ဖျက်ခြင်း ဖြစ်သောကြောင့် ပုဒ်မ ၃၅ (င) အရ Thomas Khanno Co., Ltd ၏ Money Changer လိုင်စင်အား ဖျက်သိမ်းလိုက်သည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် သတ်မှတ်စည်းမျဉ်းလိုက်နာမှုမရှိသော Money Changer များကို စစ်ဆေးအရေးယူမှုပြုနေပြီး ပြီးခဲ့သော စက်တင်ဘာလကလည်း သတ်မှတ်စည်းကမ်းလိုက်နာမှုမရှိဟုဆိုကာ Family Moe Paing Money Changer လိုင်စင်အား သုံးလဆိုင်းငံ့လိုက်ပြီး ဖွင့်လှစ်ထားသော ငွေရောင်းဝယ်ကောင်တာငါးခုအား ရောင်းဝယ်ခွင့် ပိတ်ပင်လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်တင်ဘာ ၁၇ ရက်တွင် အသိပေး ကြေညာခဲ့သည်။

Family Moe Paing Co., Ltd ၏ Money Changer License အား သုံးလဆိုင်းငံ့ခြင်း ကြေညာချက်အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က (၁၉-၈-၂၀၁၃) ရက်နေ့တွင် ခွင့်ပြုထုတ်ပေးထားသော Money Changer License အမှတ် CBM-FEMD-122/2013 ရရှိထားသည့် Family Moe Paing Co., Ltd (126 Money Changer) သည် Money Changer လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိပါသဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၂ ကို ဖောက်ဖျက်ခြင်း ဖြစ်သောကြောင့် ပုဒ်မ ၃၅ အရ Family Moe Paing Co., Ltd ၏ Money Changer လိုင်စင်အား (၁၉-၉-၂၀၂၂) ရက်နေ့မှစတင်၍ သုံးလ ဆိုင်းငံ့လိုက်သည်ဟု သိရသည်။

ထို့ကြောင့် (က) အမှတ်(၁၃၉) ၊ (၃၄) လမ်း မြေညီထပ် ၊ ကျောက်တံတားမြိုနယ် ၊ (ခ) အမှတ်(၁၂၆)၊ မြေညီထပ်၊ ဆရာစံတောင်မြောက်ရပ်ကွက်၊ ဗဟန်းမြိုနယ်၊ (ဂ) အမှတ်(၁၀၈)၊ မြေညီထပ်၊ ဆရာစံတောင်မြောက်ရပ်ကွက်ဗဟန်းမြိုနယ်၊ (ဃ) အမှတ်(၂၅/၂၇) တက္ကသိုလ်ရိပ်သာလမ်းသစ် ၊ ဆရာစံရပ်ကွက် ၊ ဗဟန်းမြိုနယ် နှင့် (င) အမှတ်(၃၁၂/ခ)၊ အရှေ့ရွှေဂုံတိုင်လမ်း ၊ ငါးထပ်ကြီး (တောင်)ရပ်ကွက် ၊ ဗဟန်း မြိုနယ်၊ ရန်ကုန်မြိုတိုတွင် ဖွင့်လှစ်ထားသော Money Changer ကောင်တာ (၅) ခု တွင် နိုင်ငံခြားငွေ ဝယ်ယူခြင်းရောင်းချခြင်း၊ လဲလှယ်ခြင်းများ ဆောင်ရွက်ခွင့်မရှိကြောင်း အသိပေးပါသည်ဟု ဗဟိုဘဏ်၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News